DVB Logo
Home
မြန်မာသတင်း
ဟားခါးတွင် စစ်ရဟတ်ယာဉ်ပျက်ကျပြီး ၅ ဦး ဒဏ်ရာရ
DVB
·
March 29, 2022
ဟားခါးတွင် စစ်ရဟတ်ယာဉ်ပျက်ကျပြီး ၅ ဦး ဒဏ်ရာရ
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မတ်လ ၂၉ ရက် မနက်က စစ်ရဟတ်ယာဉ် ၁ စီးပျက်ကျပြီး   အရပ်ဘက် ဝန်ထမ်း ၃ ယောက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ယောက် မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

စစ်ရဟတ်ယာဉ်ဟာ  ဒီနေ့မနက် ၉ နာရီလောက်က  ဟားခါးမြို့ရှိ နယ်မြေခံ တပ်ရင်းရဟတ်ယာဉ်ကွင်းမှာ ဆင်းသက်စဉ် လေထုမငြိမ်မသက်ဖြစ်ပေါ်ခဲ့လို့ ရဟတ်ယာဉ်ကွင်းအနီး ပေ ၅၀ ခန့်အကွာနေရာသို့ အမြင့်မီတာ ၂၀ လောက်ကနေ  မတော်တဆ ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ရဟတ်ယာဉ်ဟာ ချင်းပြည်နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲ ဖြေဆိုဖို့ မေးခွန်းလွှာ၊ အဖြေလွှာတွေနဲ့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မယ့် ပညာရေးဝန်ထမ်းနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို  သွားရောက်ပို့ဆောင်တာလို့လည်း စစ်ကောင်စီပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။

မေးခွန်းလွှာ၊ အဖြေလွှာတွေ ထိခိုက်ပျက်စီးမှု မရှိတဲ့  အကြောင်းနဲ့ ဒဏ်ရာရသူတွေကို နယ်မြေခံ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013