DVB Logo
Home
မြန်မာသတင်း
ဩစတြေးလျက မြန်မာကို ဒေါ်လာ ၉၅ သန်းကူညီမည်၊ ဒုက္ခသည် ၂၀၀၀ ကို ဗီဇာထုတ်ပေးမည်
DVB
·
March 29, 2022
ဩစတြေးလျက မြန်မာကို ဒေါ်လာ ၉၅ သန်းကူညီမည်၊ ဒုက္ခသည် ၂၀၀၀ ကို ဗီဇာထုတ်ပေးမည်
Donate to DVB

ဩစတြေးလျနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် အခုနှစ်အတွင်းမှာ ဒေါ်လာ ၉၅ သန်း ကူညီ ထောက်ပံ့သွားမယ့်အပြင် ဒုက္ခသည် ၂၀၀၀ ကို  လူသားချင်းစာနာမှုအရ   ဗီဇာ ထုတ်ပေးမယ်လို့  ဝန်ကြီးချုပ်စကော့မောရစ်ဆင်က ပြောပါတယ်။

ဩစတြေးလျဝန်ကြီးချုပ်ရဲ့ အခုဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံကို အကူအညီပေးမယ့် ပြောဆိုချက်ကို ကိုးကားပြီး လစ်ဘရယ်ပါတီရဲ့ လွှတ်တော်အမတ် ဒင်းန်စမစ်က သူ့ရဲ့လူမှုကွန်ရက်မှာ ထုတ်ဖော်ရေးသားလိုက်တာပါ။

မြန်မာနိုင်ငံက  စစ်တပ်ကို အာဏာဖီဆန်ပြီး ပြည်သူနဲ့ပူးပေါင်းလာတဲ့  CDM စစ်ဘက်အရာရှိ တချို့ကို ဩစတြေးလျမှာ ခိုလှုံခွင့် ဗီဇာထုတ်ပေးတဲ့ သတင်းကလည်း မကြာသေးခင်ကမှ ဩစတြေးလျ သတင်းမီဒီယာတချို့က ရေးသားဖော်ပြခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံမှာ ရွေးကောက်ပွဲ ၂ လလောက်လိုတော့ချိန်မှာပဲ မြန်မာပြည်သူတွေအတွက် အကူညီပေးဖို့ လက်ရှိ အစိုးရဘက်က ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။ ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်ဟာ ပတ်သ်မြို့ကို လာရောက်ချိန်မှာ ဒေသခံမြန်မာအသိုင်းအဝိုင်းတွေနဲ့လည်း ဒုတိယအကြိမ်မြောက် တွေ့ဆုံခဲ့ပါတယ်။ 

ဩစတြေးလျအစိုးရအနေနဲ့ စစ်အာဏာရှင်လက်အောက်က မြန်မာပြည်သူတွေကို ပိုမိုအကူညီပေးဖို့ အတိုက်အခံပါတီတွေကနေ ဝေဖန်တိုက်တွန်းမှုတွေ ရှိနေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013