DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ဘက်တော်သား ဟားငါးကောင်အဖွဲ့ထံ ပရီးမီးယားလိဂ်ကလပ် ဘရန်းဖို့ဒ်အသင်းက ဂုဏ် ပြုဂျာစီ ပေးပို့
DVB
·
March 27, 2022
ပြည်သူ့ဘက်တော်သား ဟားငါးကောင်အဖွဲ့ထံ ပရီးမီးယားလိဂ်ကလပ် ဘရန်းဖို့ဒ်အသင်းက ဂုဏ် ပြုဂျာစီ ပေးပို့
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ ပြည်သူ့ဘက်တော်သား ဟားငါးကောင်အဖွဲ့ကို အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးကလပ်အသင်းတသင်းဖြစ်တဲ့ ဘရန်းဖို့ဒ်အသင်းက ဂုဏ်ပြု ဂျာစီတစုံကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဟားငါးကောင်အဖွဲ့မှ လူရွှင်တော် ပိုးလေးက “ပရီးမီးယားလိဂ်မှာ ကန်နေတဲ့ Brentford ဘောလုံးအသင်းသားတွေ လက်မှတ်ထိုးထားတဲ့ သူတို့အသင်းရဲ့ဝတ်စုံတစုံ ပေးပို့လာပါတယ်။ ဟားငါးကောင်အဖွဲ့ဟာ နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက် ရပ်တည်တဲ့အတွက် ဂုဏ်ပြုတာလို့လည် သိရပါတယ်။ အမှန်တရားဘက်ကသာရပ်တည်ရင် မြန်မာပြည်သူတွေကသာမက ကမ္ဘာကြီးကပါ ပစ်မထားပါဘူးဆိုတာ သက်သေပါပဲ။” လို့ ပြောပါတယ်။

ဘရန်းဖို့ဒ် ဘောလုံးအသင်းဟာ မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံကြောင်း သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ ရေးခဲ့တဲ့အသင်းတသင်းဖြစ်ပြီး လက်ရှိပေးပို့လာတဲ့ အသင်းဂျာစီပေါ်မှာတော့ အသင်းသား ကစားသမားတွေ လက်မှတ်ရေးထားထားကြပြီး ဟားငါးကောင်အဖွဲ့ရဲ့ အစစာလုံးတွေဖြစ်တဲ့ “HK5”လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ဟာသလူရွှင်တော် တိုင်းကျော်၊ ပြည်ကျော်၊ တိုးကျော်၊ ဝိုင်းကျော်နဲ့ ပိုးလေးတို့ ပူးပေါင်းထားတဲ့ ဟားငါးကောင်အဖွဲ့ကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဦးသိန်းစိန်အစိုးရနဲ့ အန်အယ်လ်ဒီအစိုးရတွေကို ပြက်လုံးတွေထုတ်ခဲ့တဲ့ လူရွှင်တော်အဖွဲ့ဖြစ်ကာ လက်ရှိအာဏာသိမ်းစစ်ကောင်စီလက်ထက်မှာလည်း ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ ရှေ့တန်းကနေ အနုပညာ အလုပ်တွေကို ဆက်လုပ်နေပြီး တော်လှန်ရေးမှာ တထောင့်တနေရာက ပါဝင်နေကြတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကိုတော်လှန်တဲ့ ပြည်သူတွေကို စစ်ကောင်စီကအကြမ်းဖက်ခဲ့သလို ပြည်သူဘက်ကရပ်တဲ့ အနုပညာသမားတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဟားငါးကောင်အဖွဲ့ကိုလည်း စစ်ကောင်စီကလိုက်လံဖမ်းဆီးတာကြောင့် တောထဲကိုတိမ်းရှောင်လာရသလို လက်ရှိအချိန်မှာ လွတ်မြောက်နယ်ရဲ့ တနေရာမှာရှိပြီး အာဏာရှင်တော် လှန်ရေးကို တစိုက်မတ်မတ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013