DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ် ကျေးရွာအချို့ကို စစ်ကောင်စီတပ်က စီးနင်းရှာဖွေ၊ ဒေသခံ ၆၀၀ ကျော်ထွက်ပြေး
DVB
·
March 26, 2022
ခင်ဦးမြို့နယ် ကျေးရွာအချို့ကို စစ်ကောင်စီတပ်က  စီးနင်းရှာဖွေ၊ ဒေသခံ ၆၀၀ ကျော်ထွက်ပြေး
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းကျေးရွာတွေမှာ  မတ် ၂၅ ရက်  ညနေ ၄ နာရီက စပြီး   စစ်ကောင်စီတပ်တွေက  စစ်ကြောင်း ၂ ကြောင်းခွဲဝင်ရောက်လာပြီး   ရှာဖွေစစ်ဆေးမှုတွေ လုပ်နေတာကြောင့် ဒေသခံ ၆၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ရွာသားတစ်ဦးက “မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေကိုတော့ ရွာဦး ဘုန်းတော်ကြီးကျောင်းမှာ ထားခဲ့ရတယ်။ စိတ်တော့ မချဘူး။ ကျနော်တို့ကတော့ ရွာပြင်တောထဲ ပုန်းနေရတယ်။  ညနေစာတောင် မစားရသေးဘူး။ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးကို ဗန်းပြပြီး ပြည်သူတွေရဲ့ ရွှေငွေယူဖို့နဲ့ ပြည်သူအိမ်တွေကို မီးရှို့ဖို့ လုပ်တယ်လို့ပဲ ပြောရမယ်”လို့ ပြောပါတယ်။

အခုဝင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ မတ် ၂၄ ရက်က ခင်ဦးမြို့နယ် ကင်းပစ်ရွာက နေအိမ်တချို့ကို ဖျက်ဆီးခဲ့တဲ့ တပ်ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီ အင်အား ၉၀ လောက်ပါပြီး ရှားတောနဲ့ ဗအိုးရွာကို ၂ ဖွဲ့ခွဲ ဝင်ရောက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013