DVB Logo
Home
မြန်မာသတင်း
သောင်းကျန်းသူစခန်း ၃ ခုကိစ္စ မြန်မာတင်ပြချက် ဘင်္ဂလားဒေ့ရှ် ငြင်းဆို
DVB
·
March 24, 2022
သောင်းကျန်းသူစခန်း ၃ ခုကိစ္စ မြန်မာတင်ပြချက် ဘင်္ဂလားဒေ့ရှ် ငြင်းဆို
Donate to DVB

ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် ၄၁/၄၁ ကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ သောင်းကျန်းသူအဖွဲ့စခန်း ၃ ခု အခြေပြုနေတယ်ဆိုတဲ့ မြန်မာဘက်က တင်ပြချက်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
မောင်တောမြို့ အဝင်အထွက်စခန်း POE မှာ မတ် ၂၃ ရက် မနက်ပိုင်းက ပြုလုပ်တဲ့ နှစ်နိုင်ငံအလံတင် အစည်းအဝေးမှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ခွဲမှူး ယာယီရဲမှူးကြီး ကျော်နိုင်စိုးက သောင်းကျန်းသူအဖွဲ့ စခန်း ၃ ခု အခြေပြုနေတဲ့ကိစ္စ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တရားဝင် အကြောင်းကြားစာ ၃ ကြိမ်အထိ ပို့ဆောင်ခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ တစုံတရာ ဆောင်ရွက်ပေးခဲ့တာ မရှိတဲ့အကြောင်း တင်ပြခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲအရာရှိတဦးက “ဒီသောင်းကျန်းသူစခန်း ၃ ခုကိစ္စ မြန်မာဘက်က ဘင်္ဂလားကို အကြောင်းကြားတာ ၃ ခါတောင်ရှိပြီ၊ ဘာမှ အကြောင်းမပြန်ဘူး။ မနေ့ကလည်း မြန်မာဘက်က တင်ပြတယ်။ သူတို့ဘက်မှာ မရှိဘူးလို့ ငြင်းခဲ့တယ်” လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကိုယ်စားလှယ် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး AljHaider and Ahmedy က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာ အဲဒီ သောင်းကျန်းသူစခန်းတွေ မရှိကြောင်းနဲ့ အကြမ်းဖက်အဖွဲ့တွေကို လက်ခံထားတာ မရှိဘူးလို့ ငြင်းဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ မတ် ၁၈ ရက်က စစ်ကောင်စီတပ်ဖွဲ့ရှိတဲ့ နယ်စပ်မှတ်တိုင် ၄၁ စခန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လှမ်းပြီး ပစ်ခတ်တာတွေ ရှိခဲ့သလို ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းကလည်း မောင်တောမြောက်ပိုင်း ဝေလာတောင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၄၃ နဲ့ ၄၄ အနီးမှာ စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ အာဆာအဖွဲ့တို့အကြား မိနစ် ၃ဝ လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013