DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ မော်လမြိုင်အန်အယ်လ်ဒီအမတ်၏ ကျန်းမာရေးအာမခံလျှောက်ထားမှု အမိန့်ချမည်
DVB
·
March 23, 2022
ဖမ်းဆီးခံ မော်လမြိုင်အန်အယ်လ်ဒီအမတ်၏ ကျန်းမာရေးအာမခံလျှောက်ထားမှု အမိန့်ချမည်
Donate to DVB

အကျဉ်းထောင်ထဲမှာ နှလုံးရောဂါခံစားနေရတဲ့ ဖမ်းဆီးခံ မော်လမြိုင် အန်အယ်လ်ဒီပါတီအမတ် ဒေါ်နွယ်နွယ်အောင်ကို လာမယ့် ရုံးချိန်းမှာ ကျန်းမာရေးအာမခံ ပေး၊ မပေး တရားရုံးက အမိန့်ချမှတ်ဖို့ ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက  ဒီဗွီဘီကို ပြောပါတယ်။

မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီ အမတ် ဒေါ်နွယ်နွယ်အောင်ကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ငွေကြေး ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက  ဖမ်းဆီးပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်ထားတာပါ။

လွှတ်တော်အမတ် ဒေါ်နွယ်နွယ်အောင်ဟာ အခုအခါမှာတော့ ကျိုက်မရော ဗဟိုအကျဉ်းထောင်ထဲမှာ နှလုံးရောဂါ ခံစားနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် မတ်လ ၂၂ ရက်နေ့က ရုံးချိန်းမှာ သူရဲ့ ရှေ့နေအဖွဲ့က ကျန်းမာရေး အာမခံပေးဖို့ လျှောက်ထားခဲ့ပြီးနောက် နှစ်ဖက် လျှောက်လဲချက်ပေးထားတာ ဖြစ်ပါတယ်။

နှလုံးရောဂါခံစားနေရတဲ့ ဒေါ်နွယ်နွယ်အောင်ကို လာမယ့် မတ်လ ၂၉ ရက်နေ့ ရုံးချိန်းမှာ ကျန်းမာရေး အာမခံ ပေး မပေး အမိန့်ချမှတ်ဖို့ ရှိနေတာပါ။

ဒေါ်နွယ်နွယ်အောင်ဟာ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီ ဥက္ကဋ္ဌလည်း ဖြစ်သလို ၂၀၁၅ ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013