DVB Logo
Home
မြန်မာသတင်း
ပြည်ကြီးတံခွန်မြို့နယ်၌ စစ်ကောင်စီက တအိမ်တယောက် အတင်းအကျပ်ကင်းစောင့်ခိုင်း
DVB
·
March 18, 2022
ပြည်ကြီးတံခွန်မြို့နယ်၌  စစ်ကောင်စီက တအိမ်တယောက် အတင်းအကျပ်ကင်းစောင့်ခိုင်း
Donate to DVB

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဋ ရပ်ကွက်မှာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့တွေက တအိမ်တယောက် ကင်းစောင့်ခိုင်းနေတယ်လို့ သိရပါတယ်။

ဋ ရပ်ကွက်မှာ ကံကြီးကုန်း၊ ဇီးအုပ်၊ ကွက်သစ် စတဲ့ ကွက်စိတ်ငါးခုခန့်ရှိပြီး ကွက်စိတ်တစိတ်ကို လူ ၆ ဦးနှုန်းနဲ့ တအိမ်တယောက်နှုန်း အလှည့်ကျ ကင်းစောင့်ဖို့ အတင်းအကျပ် ခိုင်းစေနေရပါတယ်။

ရပ်ကွက်နေ ပြည်သူတဦးက “ကင်းစောင့်တဲ့လူတွေကိုလည်း အချိန်မတော် ထွက်လာတဲ့ သူမှန်သမျှကို သူတို့က ရိုက်ခိုင်းတာ၊ ရိုက်ပေါ့၊ နောက်ဆုံး သတ်ပစ်လို့လည်း ရတယ်ပေါ့၊ သူတို့ တာဝန်ယူတယ်ပေါ့၊ သတ်ပစ်လို့လည်း သူတို့ တရားစွဲမခံရဘူးပေါ့နော်၊ သတ်လို့ရတယ်ပေါ့၊ အဲ့လိုမျိုးပေါ့” လို့ ပြောပါတယ်။

မတ်လ ၁၅ ရက်နေ့ကတည်းက ကင်းစောင့်နေရတာဖြစ်ပြီး ကိုဗစ်ကာလအတွင်းက ရပ်ကွက်ကင်းစောင့်ဖို့ မှတ်ပုံတင်နဲ့ စာရင်းပေးထားရသူတွေရဲ့ နေအိမ်တွေကို လိုက်ခေါ်ကာ အတင်းအကျပ် ခိုင်းစေခံနေရတယ်လို့ ဆိုပါတယ်။

အဲဒီရပ်ကွက်ဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးတွေက ရပ်ကွက်နေပြည်သူတွေကို ဖိအားပေးတာ အများဆုံး ရပ်ကွက်တခု ဖြစ်တယ်လို့လည်း သိရပါတယ်။

မန္တလေးမြို့ခံတဦးက "ဖိအားပေးတဲ့ပုံစံမျိုး လုပ်နေတာပဲ၊ သူတို့က မစောင့်တဲ့လူကို ဒဏ်ရိုက်မယ်တို့ တရားစွဲမယ်တို့ အဲ့လိုမျိုးတွေ လုပ်တယ်ပေါ့၊ အဲ့တော့ လူတွေကလည်း စောင့်ရတော့တာပေါ့၊ မစောင့်ချင်ဘဲ စောင့်နေရတာပေါ့" လို့ ပြောပါတယ်။

ပြည်သူတွေ ကင်းစောင့်မစောင့်ကိုလည်း ပျူစောထီးတွေက လိုက်လံကြည့်ရှု စောင့်ကြပ်နေကာ ကင်းမစောင့်ပါက ဒဏ်ရိုက်မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

အခုလို ကင်းစောင့်ခိုင်းတာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျူးအမည်တပ်ခံရတဲ့ နေအိမ်တွေကို ဖျက်ပစ်ဖို့ ပြောတဲ့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းက ပျူစောထီးခေါင်းဆောင်ဆိုသူ အသတ်ခံလိုက်ရပြီးတဲ့နောက် လုပ်ဆောင်လာတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013