DVB Logo
Home
မြန်မာသတင်း
မွန်ညီညွတ်ရေးပါတီ ပထမအကြိမ် ညီလာခံ စတင် ကျင်းပ
DVB
·
March 18, 2022
မွန်ညီညွတ်ရေးပါတီ ပထမအကြိမ် ညီလာခံ စတင် ကျင်းပ
1 / 4
Donate to DVB

မွန်ညီညွတ်ရေးပါတီရဲ့ ပထမအကြိမ် ညီလာခံကို မတ်လ ၁၈ ရက်နေ့ကစပြီး မော်လမြိုင်မြို့က ရာမညဟိုတယ်မှာ စတင် ကျင်းပနေပါတယ်။

ဒီညီလာခံမှာတော့ ပါတီဖွဲ့စည်းပုံ အပါအဝင် ပါတီရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေး အတည်ပြုသွားဖို့ စီစဉ်ထားသလို ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့နဲ့ ဗဟိုကော်မတီဝင်တွေကို ရွေးချယ်သွားဖို့ ရှိနေတာပါ။

ဒါ့အပြင် မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီရဲ့ အစီရင်ခံစာ တစ်စောင်ကိုလည်း ဆွေးနွေးအတည်ပြုသွားဖို့ စီစဉ်ထားတယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက DVB ကို ပြောပါတယ်။

မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ ၃ ရက်တာ ကျင်းပမယ့် ဒီညီလာခံကိုတော့ ပါတီဗဟိုအလုပ်မှုဆောင်တွေ အပါအဝင် ပါတီဝင် ၂၀၀ ကျော် တက်ရောက်နေတာပါ။

မွန်ညီညွတ်ရေးပါတီဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ဒေါက်တာဗညားအောင်မိုးက စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသလို နိုင်လယိတမကလည်း ပြည်နယ် စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေတာပါ။

မွန်ညီညွတ်ရေးပါတီ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးနောက် ပါတီဗဟိုအလုပ်မှုဆောင်နဲ့ ဗဟိုကော်မတီဝင်တွေ အပါအဝင် ပါတီဝင် ၁၀၀ နီးပါး နုတ်ထွက်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013