DVB Logo
Home
မြန်မာသတင်း
နတ္တလင်းမြို့ခံ ဆယ်ကျော်သက် လူငယ် ၇ ဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်
DVB
·
March 18, 2022
နတ္တလင်းမြို့ခံ ဆယ်ကျော်သက် လူငယ် ၇ ဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်
Donate to DVB

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်မှာ ဆယ်ကျော်သက် လူငယ် ၇ ယောက်ကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဓမ္မဖမ်းဆီးပြီး PDF ကူညီထောက်ပံတယ်လို့ စွပ်စွဲကာ အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၈ ရက်က နတ္တလင်းမြို့နယ်ခံ လူငယ်အယောက် ၃၀ လောက်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက တချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် အခုကျန်တဲ့ ၇ ဦးကို အမှုဖွင့်လိုက်တာပါ။

ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးက "သူတို့ကို ၁၈ ရက်နေ့ ညပိုင်းနဲ့ ၁၉ ရက်နေ့ မနက်ပိုင်းတွေမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အိမ်တွေမှာဝင်ဖမ်းတာ။ တချို့ကလေးတွေကို အိမ်အပြန်လမ်းကနေ ဖမ်းတာ။ အများစုက ၁၄ နှစ် ၁၅ နှစ်တွေ၊ ဖမ်းပြီးကတည်းက အိမ်တွေနဲ့လည်း ဆက်သွယ်လို့ မရကြဘူး၊ ဘယ်မှာထားထားလဲ ဆိုတာလည်း မသိရဘူး။ ဒီကြားထဲ တချို့ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ အခုနောက်ဆုံး ကျန်တာက အသက်မပြည့်သေးတဲ့ ကလေး ၇ ယောက် ကျန်တယ်။ သူတို့ကို ပုဒ်မ ၅၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။" လို့ ပြောပါတယ်။

အသက်မပြည့်သေးတဲ့ လူငယ် ၇ ဦးဟာ မခင်ငြိမ်းချမ်း ၁၄ နှစ်၊ မှူးမြတ်ကိုကို ၁၄ နှစ်၊ မောင်အာကာဖုန်းမြတ် ၁၅ နှစ်၊ မောင်ရဲရင့်ထက် ၁၅ နှစ်၊ မစုနွင်းရည်အောင် ၁၅ နှစ်၊မသိန့်သိန့်မိုး ၁၇ နှစ်နဲ့ မမြတ်သူထက် ၁၇ နှစ်တို့ ဖြစ်ပါတယ်။

သူတို့ကို ဖမ်းဆီးပြီးနောက် နတ္တလင်းမြို့နယ် စိုက်ပျိုးရေးရုံးထဲမှာ စစ်ကြောရေးလုပ်ပြီး မိသားစုနဲ့ တွေ့ခွင့်မပေးခဲ့ပါဘူး။

သူတို့ထဲက ၃ ဦးကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ရုံးထုတ်ခဲ့ပြီး  မတ်လ ၁၇ ရက်နေ့မှာတော့ ကျန်တဲ့ ၄ ဦးကို နတ္တလင်းမြို့နယ် တရားရုံးမှာပဲ ရုံးထုတ်ခဲ့ပါတယ်။ အခု ပထမအကြိမ်ရုံးထုတ်ပြီး ရမန်ယူတော့မှ တရားရုံးမှာ မိဘတွေက သူတို့သားသမီးတွေကို တွေ့မြင်ခဲ့ရတာလို့ နတ္တလင်းမြို့နယ် တရားရုံးကနေ သိရပါတယ်။

နတ္တလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့တုန်းကလည်း အသက် ၂၀ အရွယ် လူငယ်တဦး သေနတ်နဲ့ လိုက်လံပစ်ခတ် ဖမ်းဆီးပြီး  မနှစ် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကလည်း  Silent Strike မြင်ကွင်းကို ဒရုန်းနဲ့ရိုက်ကူးခဲ့သူတဦးကို ရဲစခန်းထဲမှာပဲ သေနတ်နဲ့ပစ်ပြီး စစ်ကြောရေး လုပ်ခဲ့တာကြောင့် ခြေထောက်နှစ်ဖက်လုံးမှာ သေနတ်ဒဏ်ရာ ရခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013