DVB Logo
Home
ဘောလုံး
ဖရန့်လမ်းပက်၏ ကိုဗင်ထရီအသင်း ပရီးမီးယားလိဂ်ဆီ တန်းတက်ရန် နီးစပ်လာ 
DVB
·
April 7, 2026
Photo: Coventry City FC
Photo: Coventry City FC
Donate to DVB

ဟားလ်စီးတီးနဲ့ ဂိုး မရှိ သရေကျခဲ့ပေမဲ့ ကိုဗင်ထရီအသင်းဟာ ကျန်တဲ့ ၅ ပွဲမှာ ၄ မှတ်ရရုံနဲ့ ပရီးမီးယားလိဂ်ကို ၂၅ နှစ်အကြာမှာ ပြန်လည်တက်လှမ်းနိုင်တော့မှာပါ။ 

နည်းပြ ဖရန့်လမ်းပတ်ကတော့ အပြင်က ဆူညံသံတွေကို ဂရုမစိုက်ဘဲ ရှက်ဖီးဝင်းစ်ဒေးနဲ့ ပွဲကိုပဲ အာရုံစိုက်သွားမယ်လို့ ပြောထားပါတယ်။

Opta ရဲ့ ခန့်မှန်းချက်အရလည်း ကိုဗင်ထရီဟာ တန်းတက်ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာသလောက် ရှိနေပါတယ်။

ဒုတိယနေရာအတွက် အစ်ပဆွစ်ချ်၊ မစ်ဒယ်ဘရော့နဲ့ မီဝေါတို အကြိတ်အနယ် ဖြစ်နေပါတယ်။ 

အစ်ပဆွစ်ချ်ဟာ ဘာမင်ဂမ်ကို အနိုင်ရပြီး ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့သလို လက်ကျန်ပွဲ ပိုများ နေတာကြောင့် အသာစီးရနေပါတယ်။ 

မီဝေါနဲ့ မစ်ဒယ်ဘရော့တိုကတော့ ရလဒ်ပိုင်း လွဲချော်ခဲ့တာကြောင့် တန်းတက်ခွင့်အတွက် ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013