DVB Logo
Home
Lead Story
အာရှမှာ ကြီးထွားလာတဲ့ အဝလွန်ခြင်းပြဿနာ
DVB
·
March 16, 2022
အာရှမှာ ကြီးထွားလာတဲ့ အဝလွန်ခြင်းပြဿနာ
1 / 4
Donate to DVB

အာရှပစိဖိတ်ဒေသ (အထူးသဖြင့်တော့ တောင်နဲ့ အရှေ့တောင်အာရှ)မှာ နေထိုင်စားသောက်မှု ပုံစံတွေ ပြောင်းလဲလာတာက နှစ်ချီနေပါပြီ။ များများစားပြီး နည်းနည်းလှုပ်ရှားကြတဲ့အတွက် ဒီဒေသတွေမှာ ကိုယ်အလေးချိန်များတဲ့ လူဦးရေက စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်လာပါတယ်။

အဝလွန်ခြင်းက နာတာရှည်ရောဂါတော်တော်များများနဲ့ ဆက်စပ်နေတာကြောင့် အာရှမှာ အဖြစ်များလာတဲ့ အဝလွန်ခြင်းပြဿနာနဲ့ ဘယ်သူတွေမှာ ပိုပြီးဖြစ်နိုင်ခြေရှိသလဲဆိုတာ လေ့လာကြည့်ရအောင်။

အာရှနဲ့ အဝလွန်ခြင်း ပြဿနာ

တောင်နဲ့ အရှေ့တောင်အာရှမှာကြား လူငယ်တွေများပါတယ်။ ဒါပေမယ့် စီးပွားရေးတွေ တိုးတက်လာတာကြောင့် စားသောက်နေထိုင်မှု ပုံစံတွေ ပြောင်းလဲလာပြီး များများစားပြီး လှုပ်ရှားမှုတွေ နည်းလာကြပါတယ်။ 

ဒါက လက်တွေ့ဘဝမှာ အင်မတန်မှ စိုးရိမ်စရာ ကောင်းပါတယ်။ 

နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တဲ့ နှလုံးပျက်စီးတာ၊ နှလုံးသွေးကြောကျဉ်းတာ၊ လေဖြတ်တာတွေက အာရှမှာ အရွယ်မတိုင်ခင် သေဆုံးရတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်လာပါပြီ။ တစ်ချိန်တည်းမှာပဲ အိန္ဒိယက ဆီးချိုရှိတဲ့ လူပေါင်း ၇၇သန်းနဲ့ တရုတ်နိုင်ငံပြီးရင် ဒုတိယနေရာမှာ ရပ်တည်လာပါပြီ။

တခြားစားသောက်နေထိုင်မှု ပုံစံတွေကလည်း မကူးစက်နိုင်တဲ့ ရောဂါတွေ non-communicable diseases (NCDs)ကို ဖြစ်စေတယ်ဆိုပေမယ့် အဝလွန်ခြင်းက ထိပ်ဆုံးက အကြောင်းရင်းပဲ ဖြစ်နေပါတယ်။ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) များတဲ့ သူတွေက နှလုံးရောဂါနဲ့ လေဖြတ်တာတွေ ဖြစ်နိုင်သလို

  • နှလုံးသွေးကြောရောဂါ
  • ဆီးချိုရောဂါ
  • အရိုးအဆစ်ရောင်ရမ်းနာ
  • ကင်ဆာရောဂါတွေ ဖြစ်တဲ့ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ သည်းခြေအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အူမကြီးကင်ဆာ စတာတွေလည်း ဖြစ်စေနိုင်ပါတယ်။

အရှေ့တောင်အာရှက ကမ္ဘာ့နိုင်ငံတွေနဲ့ယှဉ်ရင် ကိုယ်အလေးချိန်များတာရော၊ အဝလွန်တာရော နည်းသေးတယ်ဆိုပေမယ့် လွန်ခဲ့တဲ့ ၁၀နှစ်၊ ၁၅နှစ်လောက်ကနဲ့စာရင် စိုးရိမ်စရာကောင်းလောက်အောင် များလာတာကတော့ အမှန်ပါ။

ပြီးခဲ့တဲ့ ၆လမှာ Hello Healthရဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း ကိရိယာ (BMI calculator)ကနေ ဒေသတွင်းမှာရှိတဲ့ အသုံးပြုသူ ထောင်ပေါင်းများစွာရဲ့ ရလဒ်တွေကို ကောက်ယူခဲ့ပါတယ်။ ဒီရလဒ်တွေအရ ဗီယက်နမ် (၄၃.၇၄%)၊ ကမ္ဘောဒီးယား (၄၃.၀၃%)နဲ့ ထိုင်ဝမ် (၄၁.၂၆%)တို့က ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိသူ အများဆုံးဖြစ်ပါတယ်။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ရလဒ်များ : နိုင်ငံနှင့် အဝလွန်မှု ရာခိုင်နှုန်း

၂၀၂၁ ဇန်နဝါရီ ၃၀မှ ဇူလိုင် ၂၉အထိ Hello Health ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း တွက်ချက်မှု ရလဒ်များကို အခြေခံထားပါသည်။Thailand19.76%1 ယောက် အဝလွန်9.34%2 ယောက် အဝလွန်1.2%3 ယောက် အဝလွန်1 ယောက် အဝလွန်: BMI 30 - 34.92 ယောက် အဝလွန်: BMI 35.0 - 39.93 ယောက် အဝလွန်: BMI >= 40

ထူးခြားတာက ဒီနိုင်ငံတွေကပဲ ကိုယ်အလေးချိန်များတဲ့သူအရေအတွက် အများဆုံးဖြစ်နေတာပါ။ ဗီယက်နမ်မှာ ၁၇.၈၃%၊ ကမ္ဘောဒီးယားမှာ ၁၇.၇၉ %၊ ထိုင်ဝမ်မှာ ၁၉.၂၃% နဲ့ ဖိလစ်ပိုင်မှာ ၁၃.၇၁% ရှိကြပါတယ်။ ဒါက နောက်ပိုင်းမှာ အဝလွန်လာနိုင်တဲ့ ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် အဝလွန်တဲ့ရာခိုင်နှုန်းမှာတော့ တခြားနိုင်ငံတွေပါ ပါဝင်လာတာကို တွေ့ရပါတယ်။

အိန္ဒိယနဲ့ မလေးရှားမှာ အဝလွန်တဲ့သူက အများဆုံးပါ။ အိန္ဒိယမှာ အဝလွန်အဆင့် (၁) ၂၇.၁၉% ရှိပြီး အဝလွန် အဆင့် (၂) ၁၀.၈၂ % ရှိပါတယ်။ မလေးရှားမှာတော့ အဝလွန်အဆင့် (၁) ၂၃.၄၃% ရှိပြီး အဝလွန် အဆင့် (၂) ၁၃.၄၇ % ရှိပါတယ်။

အဆင့် (၃) အဝလွန် (BMI ၄၀နဲ့အထက်) ကတော့ အိန္ဒိယနဲ့ ဖိလစ်ပိုင်မှာ အများဆုံးရှိနေတာကို တွေ့ရပါတယ်။ ၅.၃၅%နဲ့ ၅.၃၃% ဆီ အသီးသီး ရှိကြပါတယ်။ 

 ဒီကိန်းဂဏန်းတွေက ကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေနဲ့လည်း ကိုက်ညီပါတယ်။ WHOရဲ့ ၂၀၁၆ ဒေတာတွေအရ အာရှမှာရှိတဲ့ အရွယ်ရောက်ပြီးသူ ၁.၉ ဘီလီယံလောက်က ကိုယ်အလေးချိန်များနေပြီး ၆၅၀ မီလီယံလောက်က အဝလွန်နေပါတယ်။

ပြင်ပအချက်အလက်တွေနဲ့ Hello Healthက ရလဒ်တွေအရ

  • Hello Health နိုင်ငံတွေထဲမှာ အိန္ဒိယက ကိုယ်အလေးချိန်များသူနဲ့ အဝလွန်သူ အများဆုံးဖြစ်ပါတယ်။
  • Hello Health နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားက ကိုယ်အလေးချိန်နည်းသူ အများဆုံး ဖြစ်ပါတယ်။
  • Hello Health နိုင်ငံတွေထဲမှာ ဗီယက်နမ်က ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိသူ အများဆုံးဖြစ်ပါတယ်။ 
  • မလေးရှားကတော့ အရှေ့တောင်အာရှမှာ ကိုယ်အလေးချိန်များသူနဲ့ အဝလွန်သူ အများဆုံးဖြစ်ပါတယ်။

လေ့လာချက်တွေအရ အာရှပစိဖိတ်ဒေသမှာ စားသောက်မှုပုံစံတွေ ပြောင်းလဲလာရတာက အစားအသောက်တွေ ထိန်းချုပ်မှု မရှိတာနဲ့ အစားအသောက်တွေ ပေါပေါများများ ရလာတာကြောင့်ပါ။ ဒီလိုဖြစ်ရတာက လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ခုအတွင်းမှာ စီးပွားရေးတိုးတက်လာတာကြောင့် ဖြစ်ပါတယ်။ အာရှဖွံ့ဖြိုးမှုဘဏ်ရဲ့ ကိန်းဂဏန်းတွေအရ အာရှရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက ၂၀၀၀ခုနှစ်တွေကထက်စာရင် ၆%လောက် တက်လာတာတယ်လို့ ဆိုပါတယ်။ 

အာရှရဲ့ စီးပွားရေး တိုးတက်မှုတွေက ဒေသတွင်းမှာ စားသောက်မှု ပုံစံကို ပြောင်းစေပြီး အစားအသောက်များများကို စျေးနည်းနည်းနဲ့ ဝယ်လို့ရစေပါတယ်။ ဒါကို ပြည်သူ့ကျန်းမာရေးပညာရှင်တွေက  “nutrition transition” စားသောက်မှု ပုံစံရွေ့လျောခြင်းလို့ ခေါ်ပါတယ်။ ဆိုလိုတာက ပုံမှန်စားနေကြ ရိုးရာစားစရာတွေကနေ ကယ်လိုရီများတဲ့ စားသောက်မှု ပုံစံကို ပြောင်းလဲလာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဝလွန်တာ၊ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ခြေတွေ  များလာတာပဲ ဖြစ်ပါတယ်။ 

ဒေသတွင်းနိုင်ငံတွေရဲ့ မြို့ပြစနစ်ပြောင်းလဲမှုတွေကလည်း လူနေမှုပုံစံကို ပြောင်းလဲစေပါတယ်။ WHOရဲ့ အဆိုအရ မြို့ပြလူနေမှုစနစ်တွေက လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံတွေကို ဖြစ်စေပြီး နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေတွေကို များစေပါတယ်။

ဒီလိုမျိုး ဒေသတွင်းနိုင်ငံတွေမှာ လူနေမှုပုံစံပြောင်းလဲလာတာတွေက အာရှမှာ ကိုယ်အလေးချိန်များတာ၊ အဝလွန်တာတွေကို ပိုမိုဖြစ်လာစေပါတယ်။ အာရှဖွံ့ဖြိုးမှုဘဏ်ရဲ့ အချက်အလက်တွေအရ အာရှရဲ့ မြို့ပြလူဦးရေက ၁၉၉၀ကနေ  ၂၀၁၅အတွင်းမှာ သုံးပုံတစ်ပုံကနေ တစ်ဝက်လောက်ထိ တက်လာတယ်လို့ ဆိုပါတယ်။ 

အာရှရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကနေ စက်မှုလုပ်ငန်းတွေကို ပြောင်းလဲလာတာက နေ့စဉ်လှုပ်ရှားမှုတွေကို လျော့နည်းစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်တက်တာကို ဖြစ်စေပါတယ်။ ဒါ့ပြင် အိမ်မှာချက်စားမယ့်အစား အပြင်ထွက်စားတာ၊ ခရီးဝေးသွားတာတွေကလည်း ဒီအချက်ကို ပိုဆိုးစေပါတယ်။

အိန္ဒိယလို နိုင်ငံမျိုးတွေမှာ မြို့ပြမှာနေတဲ့ လူငယ်တွေက အဆီနဲ့ ကယ်လိုရီများတဲ့ အသင့်စား အစားအစာတွေကို ပိုစားလာကြတာတွေ့ရပါတယ်။ ဒါကြောင့် ငယ်ငယ်လေးနဲ့ အဝလွန်တာတွေ ဖြစ်လာပါတယ်။

အဝလွန်တဲ့အခါ ဘာဖြစ်လာနိုင်သလဲ။

အဝလွန်ခြင်းက တခြားပြင်းထန်တဲ့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို မြင့်စေပါတယ်။ အဝလွန်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့

ကျောက်ကပ်ရောဂါ

အဝလွန်ခြင်းက နာတာရှည်ကျောက်ကပ်ရောဂါကို ဖြစ်နိုင်ခြေများစေပါတယ်။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါရှိတဲ့သူတွေက အဝပါလွန်နေမယ်ဆိုရင် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေက ပိုများလာမှာပါ။ လေ့လာချက်တွေအရ ဆီးချိုရောဂါက ကျောက်ကပ်ရောဂါဖြစ်စေနိုင်တဲ့ ထိပ်တန်းအကြောင်းရင်းပဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူ ၄ယောက်မှာ ၁ယောက်က ကျောက်ကပ်ရောဂါပါ ရှိနေတာကို တွေ့ရပါတယ်။ 

နှလုံးသွေးကြောရောဂါ (နှလုံးသွေးကြောကျဉ်းခြင်း)

အဝလွန်ခြင်းကြောင့် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေများစေပါတယ်။ အထူးသဖြင့် သွေးကြောတွေထဲမှာ အဆီတွေ၊ အနှစ်တွေ ပိတ်ပြီးဖြစ်တတ်တဲ့ သွေးကြောကျဉ်းရောဂါပါ။

အချိန်ကြာလာတာနဲ့အမျှ သွေးကြောတွေကျဉ်းပြီး သွေးလည်ပတ်မှုကို နှေးကွေးစေပါတယ်။ သွေးကြောလုံးဝပိတ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ နှလုံးကြွက်သားပုပ်တာ ဒါမှမဟုတ်  လေဖြတ်တာတွေ ဖြစ်လာမှာပါ။

ကင်ဆာ

လေ့လာချက်တွေအရ အဝလွန်ခြင်းက ကင်ဆာရောဂါဖြစ်နိုင်ခြေကို များစေပါတယ်။ အမေရိကန် ကင်ဆာလေ့လာချက်တွေအရ အမျိုးသမီးတွေမှာ တွေ့ရတဲ့ ကင်ဆာတွေရဲ့ ၅၅%နဲ့ အမျိုးသားတွေမှာ တွေ့ရတဲ့ ကင်ဆာတွေရဲ့ ၂၄% က အဝလွန်ခြင်းနဲ့ ဆက်စပ်နေပါတယ်တဲ့။

ရှိသင့်တာထက်  များနေတဲ့ အဆီဆဲလ်တွေက ဆဲလ်ရောင်ရမ်းမှုကို ဖြစ်စေပြီး အီစထရိုဂျင်နဲ့ တခြားကြီးထွားဟော်မုန်းတွေကို ထွက်စေပါတယ်။ ဒါတွေက ဆဲလ်ပွားများမှုကို အားပေးပါတယ်။ဒီလိုမျိုး ဆဲလ်အပွားများတာက ကင်ဆာဆဲလ်တွေအဖြစ် ပြောင်းစေနိုင်ပါတယ်။

ခန္ဓာကိုယ်မှာ အဆီပိုတွေရှိနေတာက အသည်းကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာ စတဲ့ ကင်ဆာတွေ ဖြစ်နိုင်ခြေကို များစေပါတယ်။

အရိုးအဆစ်ရောင်ရောဂါ

အဝလွန်ခြင်းက များပြားလှတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေပါတယ်။ ကိုယ်အလေးချိန်များတာက ခန္ဓာကိုယ်က အရိုးတွေအပေါ်ဝန်ပိစေပြီး အရိုးအဆစ်ရောင်ရောဂါကို ဖြစ်စေပါတယ်။ များနေတဲ့ ကိုယ်အလေးချိန်တွေက ဒူးပေါ်ကို ဖိအားတွေ  ဖြစ်စေပြီး ခန္ဓာကိုယ်ကို ထိန်းရတာ ပိုခက်စေပါတယ်။ ဒါကြောင့် ကြာလာတဲ့အခါ အဆစ်တွေ ပျက်စီးတာ၊ လှုပ်ရှားတဲ့အခါ ကြွက်သားတွေ အားနည်းတာ ဖြစ်လာပါတယ်။ 

သင်အဝလွန်လာနိုင်သလား။ ခုပဲ စစ်ဆေးကြည့်လိုက်ပါ။ 

အကျဉ်းချုပ်

  • အရှေ့တောင် အာရှမှာ ကိုယ်အလေးချိန်များတဲ့သူ၊ အဝလွန်တဲ့သူ နည်းတယ်ဆိုပေမယ့် လွန်ခဲ့တဲ့ ၁၀နှစ်၊ ၁၅နှစ်ကထက်စာရင်တော့ စိုးရိမ်စရာကောင်းလောက်အောင် များလာခဲ့ပါတယ်။ 
  • Hello Healthရဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်းတွက်ချက်ခြင်း ကိရိယာ (BMI calculator)အရ

-Hello Health နိုင်ငံတွေထဲမှာ အိန္ဒိယက ကိုယ်အလေးချိန်များသူနဲ့ အဝလွန်သူ အများဆုံးဖြစ်ပါတယ်။

-Hello Health နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားက ကိုယ်အလေးချိန်နည်းသူ အများဆုံး ဖြစ်ပါတယ်။

-Hello Health နိုင်ငံတွေထဲမှာ ဗီယက်နမ်က ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိသူ အများဆုံးဖြစ်ပါတယ်။ 

-မလေးရှားကတော့ အရှေ့တောင်အာရှမှာ ကိုယ်အလေးချိန်များသူနဲ့ အဝလွန်သူ အများဆုံးဖြစ်ပါတယ်။

  • အာရှရဲ့ စီးပွားရေးတိုးတက်မှုက ဒေသတွင်းက စားသောက်မှုပုံစံကို ပြောင်းလဲစေပါတယ်။
  • အာရှရဲ့ မြို့ပြနေထိုင်မှု ပုံစံကြောင့် “nutrition transition” လို့ခေါ်တဲ့ စားသောက်မှု ပုံစံပြောင်းလဲတာကို ဖြစ်စေပြီး ကယ်လိုရီများတာကို ပိုစားလာတာ၊ အပြင်ထွက်စားတာ၊ အသင့်စားအစားအစာ စားသုံးမှုကို ပိုများစေပါတယ်၊
  • မြို့ပြမှာနေထိုင်ကြတဲ့ လူငယ်တွေကလည်း ကိုယ်အလေးချိန်များတာ၊ အဝလွန်တာ ပိုဖြစ်လာကြပါတယ်။ 
ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013