DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် PDF နှင့်ပတ်သက်သည်ဟု သံသယရှိသူများကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
March 16, 2022
ရေးမြို့တွင် PDF နှင့်ပတ်သက်သည်ဟု သံသယရှိသူများကို စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်မှာ PDF နဲ့ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူတွေကို စစ်ကောင်စီက ဒါဇင်နဲ့ချီ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေက စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံရသူ ၂ ဦး ထပ်မံ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရအပြီး အခုလို မြို့ပေါ်ရပ်ကွက်တချို့နဲ့ အဘော်ကျားတန်းက သံသယရှိသူတွေ တပတ်အတွင်း အဖမ်းခံရသလို ဒီကနေ့အထိလည်း ပြန်မလွှတ်ပေးသေးဘဲ နောက်ဆုံး အခြေနေလည်း မသိရဘူးလို့ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဘော်ကျားတန်းက ဆေးမှူး ဦးဇော်ဝင်း လုပ်ကြံသတ်ဖြတ်ခံရအပြီး အဘော်ကျားတန်းက မသင်္ကာတဲ့သူ ၅ဝ ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
ရေးဘီလူးအဖွဲ့သားတွေဟာ အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက် လုပ်ကြံသတ်ဖြတ်နေတဲ့အတွက် အဲဒီအဖွဲ့ကို တွေ့ရှိပါက နီးစပ်ရာ တပ်၊ ရဲစခန်းကို သတင်းပေးပို့ကြဖို့ စစ်ကောင်စီက ဆုကြေးငွေ ထုတ်ပြန်ထားပါတယ်။
ရေးဘီလူးအဖွဲ့သားတွေက စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းပေးလို့ စွပ်စွဲခံရသူတွေဖြစ်တဲ့ တပ်မတော်အငြိမ်းစား ဗိုလ်မှူး ၁ ဦး၊ ကျောင်းဆရာမ ၁ ဦး အပါအဝင် အနည်းဆုံး ၃ ဦးထက်မနည်း သုတ်သင် ရှင်းလင်းထားပါတယ်။
အခုလို စစ်ကောင်စီဘက်က ကြေညာချက်တွေ ထုတ်ပြန်ပြီး တားဆီးပိတ်ဆို့ထားပေမယ့် စစ်ကောင်စီရဲ့ ထောက်တိုင်မှန်သမျှကို ဆက်ပြီး ချေမှုန်းသွားမယ်လို့ ရေးဘီလူးအဖွဲ့က ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013