DVB Logo
Home
မြန်မာသတင်း
သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ထောင်ဒဏ် ၁၂ နှစ်ချ ၊ ကား ၁ စီး၊ ကျပ်သိန်း ၁၀၀ နှင့် ရွှေပန်းကန် သိမ်းဆည်းခံရ
DVB
·
March 15, 2022
သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ထောင်ဒဏ် ၁၂ နှစ်ချ ၊ ကား ၁ စီး၊ ကျပ်သိန်း ၁၀၀ နှင့် ရွှေပန်းကန် သိမ်းဆည်းခံရ
Donate to DVB

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကို စစ်ကောင်စီက အဂတိမှု ၄ မှုနဲ့ တရားစွဲပြီး စုစုပေါင်း   အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေဖို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှာ မတ် ၁၄ ရက်က  အမိန့်ချမှတ်လိုက် တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။ 

ဒါ့အပြင် Ford Everest Titanium မော်တော်ယာဉ် တစ်စီး၊ ငွေကျပ် သိန်း ၁၀၀ နဲ့ ရွှေပန်းကန်ပြားတို့ကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။

ဝန်ကြီးသူရဦးအောင်ကို ကို ရာဇဝတ်ကြီးမှုအမှတ် ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ နဲ့  ၃၂/ ၀၂၁ တို့အမှု ၄ မှုအတွက် တမှုကို  အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီ စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေဖို့  အမိန့်ချမှတ်ခဲ့တာပါ။

သူရဦးအောင်ကိုဟာ နိုင်ငံတော်မှ လူပုဂ္ဂိုလ်တွေကို သာသနာ့နုဂ္ဂဟဘွဲ့ တံဆိပ် ၈ မျိုး နှစ်စဉ်ချီးမြှင့် ပေးအပ်တာနဲ့ ပတ်သက်ပြီး   သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေထံကနေ ငွေသားကျပ် သိန်း ၁၀၀ နဲ့ ငွေကျပ်သိန်း ၃၀၀ တန် Blank Cheque တစ်စောင် လက်ခံရယူခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဒါ့အပြင် လုပ်ငန်းရှင်တစ်ဦးမှ လုပ်ငန်းတွေ ရေရှည်အဆင်ပြေစေဖို့အတွက် ပေးအပ်တဲ့ ငွေကျပ် ၁၀၀၅ သိန်း တန်ဖိုးရှိ Ford Everest Titanium မော်တော်ယာဉ် တစ်စီးကို လက်ခံရယူခဲ့သလို အလေးချိန် ၂၀ ကျပ်သားခန့်ရှိတဲ့ ရွှေပန်းကန်တစ်ချပ်ကို ကျသင့်တန်ဖိုးပေးချေခြင်းမရှိဘဲ လက်ခံရယူခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး  စွပ်စွဲခံရသူ ဝန်ကြီး သူရဦးအောင်ဘက်ကနေ ပြန်လည် တုံ့ပြန်ပြောဆိုနိုင်ခွင့် မရရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013