DVB Logo
Home
မြန်မာသတင်း
သာသနာ့ရန်စွယ်အန္တရာယ်များ အချိန်မီပူးပေါင်းကာကွယ်ရန် တိုက်တွန်း
DVB
·
July 27, 2020
သာသနာ့ရန်စွယ်အန္တရာယ်များ အချိန်မီပူးပေါင်းကာကွယ်ရန် တိုက်တွန်း
Donate to DVB

ဗုဒ္ဓဘာသာကွယ်ပျောက်နိုင်လောက်တဲ့ အယူအဆမှားတွေ ဖြန့်ချိနေတာရှိသလို အကြည်ညိုပျက်စရာ ကိစ္စတွေ အရင်ကထက်ပိုများလာတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီးက ပြောပါတယ်။

မ‌နေ့က ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေက မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးမှာလုပ်တဲ့ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေး ပထမနေ့မှာ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ဝန်ကြီး သူရဦးအောင်ကိုက “သာသနာတော်ကွယ်ပျောက် ပျက်စီးနိုင်လောက်အောင် နှောင့်ယှက်ဖျက်ဆီးနေကြတဲ့ သာသနာ့အတွင်းရန်၊  သာသနာ့အန္တရာယ်၊ သာသနာ့ဝန်စီးများက ထေရဝါဒ ပိဋကတ်တော်နဲ့ ဆန့်ကျင်တဲ့ အတွေးအခေါ်အယူအဆ အဓမ္မဝါဒများကို ဟောပြောမှု၊ ပြသမှု၊ ထုတ်ဝေဖြန့်ချိမှု၊ အင်တာနက် ဝက်ဘ်ဆိုဒ်မှာ လွှင့်တင်တာတွေ ပြုလုပ်နေတာကို သိရှိရပါတယ်” လို့ လျှောက်ထားပါတယ်။

ဒီ သာသနာ့ရန်စွယ်အန္တရာယ်တွေကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဦးဆောင်တဲ့ တိုင်း၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကျေး သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နဲ့ နိုင်ငံတော်အစိုးရဦးဆောင်တဲ့ သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ အားလုံးက အချိန်မီပူးပေါင်း ကာကွယ်ကြဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

နေပြည်တော် ပျဉ်းမနား၊ စိန္တာမုနိမင်းဝံတောင် ဘုရားပရဝုဏ်ထဲက ယတြာပြုလုပ်ထားတယ်ဆိုတဲ့ ရုပ်ပွားတော်တွေဖယ်ရှားခဲ့တဲ့အကြောင်းကိုလည်း ဝန်ကြီးက လျှောက်ထားခဲ့ပြီး ဒေသနာနဲ့ကိုက်ညီပြီး ကြည်ညိုဖွယ်ဆောင်တဲ့ ရုပ်ပွားဆင်းတုတော်တွေ ထုလုပ်ပူဇော်ကြစေရေးအတွက် သြဝါဒပေးကြဖို့လည်း လျှောက်ထားခဲ့ပါတယ်။

“အခုအခါ သမဏသာရုပ္ပမဖြစ်တဲ့ (ကြည်ညိုဖွယ်မဆောင်တဲ့) အမှုကိစ္စတွေ အရင်ကထက် ပိုမိုဖြစ်ပွားလာတာကို တွေ့ရှိရပါသဖြင့် ယင်းအမှုကိစ္စများကိုကျူးလွန်ကြတဲ့ ရဟန်း၊ သာမဏေ၊ သီလရှင်များကိုလည်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ သာသနာတော်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့များဖြင့် ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ ကင်းရှင်းစွာဖြင့် ထိထိရောက်ရောက်အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်းကိုလည်း အခါအခွင့်သင့်ခိုက် လျှောက်ထားလိုပါသည်ဘုရား” လို့ ဆိုပါတယ်။

အရင်အစည်းအဝေးတွေမှာတုန်းကလည်း သမဏသာရုပ္ပမဖြစ်တဲ့ကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီး သူရဦးအောင်ကိုက လျှောက်ထားခဲ့ဖူးပါတယ်။

ဒါ့အပြင် လူပုဂ္ဂိုလ်တွေကို ချီးမြှင့်တဲ့ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်အသီးသီးရဲ့ သတ်မှတ်ချက်မှာ ရှင်သာမဏေ အပါး ၅၀၊ ၁၀၀၊ ၂၀၀၊ ၃၀၀ နဲ့အထက်ကို တယောက်တည်းက ဒါယကာခံပြီး ရှင်ပြုပေးရမယ်လို့ သတ်မှတ်ချက်နဲ့အညီဆောင်ရွက်ဖို့ အခု ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မဖြစ်နိုင်ဘဲ ဒီကုန်ကျစရိတ်တွေကို ပရိယတ္တိစာသင်သားတွေအတွက် ပညာရေးပဒေသာပင်တွေ စိုက်ထူလှူဒါန်းပေးဖို့ ပြောင်းလဲအလှူခံသွားမှာဖြစ်ပြီး ခွင့်ပြုပေးဖို့လည်း တင်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013