DVB Logo
Home
မြန်မာသတင်း
နွေဦးတက္ကသိုလ်က စစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၁၁၀ ကျော်အပါအဝင် သိန်း ၁၆၀ ကျော် လှူဒါန်း
DVB
·
March 14, 2022
နွေဦးတက္ကသိုလ်က စစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၁၁၀ ကျော်အပါအဝင် သိန်း ၁၆၀ ကျော် လှူဒါန်း
Donate to DVB

နွေဦးတက္ကသိုလ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဖွင့်လှစ်ထားတဲ့ တန်းခွဲတွေကနေ လှူဒါန်းငွေ ၁ လအတွင်း ကျပ် ၁၆၄ သိန်းကျော် လက်ခံရရှိခဲ့တယ်လို့ Spring University Myanmar (SUM) က  အသိပေး ကြေညာထားပါတယ်။

အခုလိုရရှိခဲ့တဲ့ လှူဒါန်းငွေတွေထဲက စစ်ဘေးရှောင်ပြည်သူတွေကို ကျပ် ၁၁၃ သိန်းအပါအဝင် CDM သူရဲကောင်း ဆရာ ဆရာမတွေကို ၂၇ သိန်းကျော်၊ ကိုဗစ်-၁၉ ရောဂါဝေဒနာ ခံစားနေရသူတွေအတွက် ၅ သောင်း၊ ကျောင်းသူ၊ကျောင်းသားများအတွက် British parliamentary Debate Training တွေ အထောက်အပံ့ပေးဖို့အတွက် ၂၃ သိန်းကျော်စီ အသီးသီးချီးမြှင့်လှူဒါန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နွေဦးတက္ကသိုလ်ရဲ့ တော်လှန်ရေးခရီးစဉ် ရည်ရွယ်ချက်အတိုင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ပညာမသင်ယူလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေးရပ်တန့်မသွားဖို့၊ CDM သူရဲကောင်းတွေကို ပိုမိုလှူဒါန်းနိုင်ဖို့အတွက် အကောင်အထည်ဖော် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

နွေဦးတက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆင်မြင့်ပညာရပ်တွေ ဆက်လက်သင်ယူနိုင်ဖို့ ကျောင်းခွဲ ၉ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၂ တော်လှန်နှစ်သစ်မှာလည်း နွေဦးတက္ကသိုလ်အနေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပေးအပ်ထားတဲ့ ကတိစကားအတိုင်း ပညာရေးဆက်လက်ရှင်သန်နိုင်ဖို့၊ CDM သူရဲကောင်းတွေကို ချီးမြှင့်လှူဒါန်းသွားနိုင်ဖို့ ပိုမိုကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013