DVB Logo
Home
မြန်မာသတင်း
ရခိုင်ဝန်ကြီးချုပ် ဦးညီပု၏သမီးဖြစ်သူကို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုထပ်တိုး တရားစွဲ
DVB
·
March 12, 2022
ရခိုင်ဝန်ကြီးချုပ် ဦးညီပု၏သမီးဖြစ်သူကို  မတရားအသင်းဆက်သွယ်မှုဖြင့် အမှုထပ်တိုး တရားစွဲ
Donate to DVB

ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ မမိုးဆန်းစုကြည်ကို မတ်လ ၈ ရက်က ကမာရွတ်မြို့နယ် တရားရုံးကနေ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ ထပ်တိုး တရားစွဲဆိုလိုက်ပြီးတဲ့နောက် မတ်လ ၁၅ ရက်မှာ ရုံးထုတ်မယ်လို့သိရပါတယ်။ 

အန်အယ်လ်ဒီပါတီရဲ့ ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အမှုရင်ဆိုင်နေရပြီး ၂၀၂၁ ခုနှစ်မေလ ၉ ရက်နေ့က ရန်ကုန်မြို လှည်းတန်းမှာ တခြားလူ ၃ ဦးနဲ့ အတူ စစ်ကောင်စီကဖမ်းဆီးသွားတာလည်းဖြစ်ပါတယ်။ 

အဲဒီလိုဖမ်းဆီးပြီးတဲ့နောက် အခုတစ်ပတ်ရုံးချိန်းမှာတော့ နောက်တိုးအမှုတွေနဲ့ ထပ်မံတရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။

သူ့ရဲ့ဖခင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကိုလည်း စစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ထပ်တိုးတရားစွဲဆိုထားပြီး မတ်လ ၁၄ ရက်နေ့မှာ ဦးညီပုကို စတင်စစ်ဆေးမှာ ဖြစ်ပါတယ်။  

လက်ရှိ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၅ အပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) တို့နဲ့ စစ်တွေအကျဥ်းထောင်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013