DVB Logo
Home
မြန်မာသတင်း
မြတ်နန်းယုံ ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီလီမိတက်ကို ဗဟိုဘဏ်က လုပ်ငန်းလိုင်စင် ရုပ်သိမ်း
DVB
·
March 11, 2022
မြတ်နန်းယုံ ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီလီမိတက်ကို ဗဟိုဘဏ်က လုပ်ငန်းလိုင်စင် ရုပ်သိမ်း
Donate to DVB

ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်မရှိဘဲ တခြားအဖွဲ့အစည်းနဲ့ လုပ်ငန်းပူးပေါင်းဆောင်ရွက်တာကြောင့် မြတ်နန်းယုံ ငွေရေးကြေးရေး ဝန်ဆောင်မှုကုမ္ပဏီလီမိတက်ကို ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်း လုပ်ငန်းလိုင်စင် ရုပ်သိမ်းလိုက်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

မြတ်နန်းယုံ ငွေရေးကြေးရေး ဝန်ဆောင်မှုကုမ္ပဏီ လီမိတက်ဟာ ဗဟိုဘဏ် ခွင့်ပြုချက်မရှိဘဲ အခြား အဖွဲ့အစည်းနဲ့ လုပ်ငန်းပူးပေါင်းတာ၊ မှတ်ပုံတင်လက်မှတ် စည်းကမ်းချက်ပါ လုပ်ငန်းတွေကို ကောင်းစွာ အကောင်အထည်မဖော်တာ၊ လက်ရှိလုပ်ငန်းဆောင်ရွက်နိုင်မှု မရှိတော့တာ၊ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေ ထူထောင်တာ၊ လုပ်ငန်းဆောင်ရွက်မှုနဲ့ လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်သတ်မှတ်ချက်တွေကို မလိုက်နာတာ၊ ဘဏ္ဍာရေး ရှင်းတမ်းတွေနဲ့ ပြင်ပစာရင်းစစ် အစီရင်ခံစာတွေ မတင်ပြနိုင်ခြင်းတို့ကြောင့် Legal Entity ပျောက်ဆုံးနေတွေကို ဗဟိုဘဏ် စစ်ဆေးတွေ့ရှိရပြီး ပြုပြင်ဆောင်ရွက်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် လိုက်နာဆောင်ရွက် ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဗဟိုဘဏ်က အခုလို လုပ်ငန်းလိုင်စင် ပိတ်သိမ်းရတာနဲ့ စပ်လျဉ်းပြီး ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဆိုင်ရာ ကျွမ်းကျင်သူတဦးက “ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ ထူထောင်ခြင်း ဆိုတာက ဥပမာ- K Pay၊ CB Pay နဲ့ Wave money တို့ ဘာတို့ပေါ့နော်။ အဲ့ဒါတွေက ဗဟိုဘဏ်ဆီကနေ လိုင်စင်ယူရတယ်။ ပြီးတော့ အဲ့ဒါတွေက အမြဲတမ်း သူ့ဥပဒေနဲ့ သွားနေရတယ်။ ဗဟိုဘဏ်ဆီကိုလည်း သူက အမြဲတမ်း independent external audit report တင်ရတာပေါ့နော်။ အဲ့တော့ ကြည့်ရတာ မြတ်နန်းယုံ ငွေရေးကြေးရေး ကုမ္ပဏီက ဒါမျိုးလုပ်မယ်လို့ ပြောထားပြီးတော့ ဘာမှ စာရင်းလည်းမတင်၊ audit လည်း ဘာမှမလုပ်၊ ဗဟိုဘဏ်ဆီလည်း ဘာမှမတင်၊ ဆိုတော့ နောက်ဆုံးမှာ ဗဟိုဘဏ်က ဘာမှပြောလို့မရတော့လို့ လိုင်စင်ပိတ်လိုက်တာ နေပါလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

Microfinance ဆောင်ရွက်နေသူတဦးကလည်း “အဲ့ဒီ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းဆိုတာက သူတို့က ဘဏ်တွေလိုမျိုး deposit တွေဘာတွေ လက်ခံလို့မရဘူး။ ဒီတော့ သူတို့ဆီမှာ ငွေစုလို့မရဘူး။ ဒါပေမယ့် သူတို့က ငွေချေးပေးတယ်နော်။ ဆိုပါတော့ ကျနော်တို့က ဘဏ်ကနေ သွားချေးရင် အပေါင်ပစ္စည်း မပေးနိုင်လို့ အတိုးက ၁၁ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းပေးရရင် သူတို့က အဲ့ဒီထက်တော့ ရာခိုင်နှုန်း ပိုများများယူတယ်။ ဥပမာ- ကိုယ်က ကားလိုချင်တယ်ပေါ့။ အဲ့တော့ သူ့ဆီသွားမယ်။ သူက စိုက်ထားပြီး ဝယ်ပေးမယ်။ ပြီးရင် သူ့ကို ပြန်ဆပ်ပေါ့။ သူက ပိုက်ဆံထုတ်ချေးတာ သက်သက်ပဲ။ Financing  လုပ်ပေးတာ ဆိုတော့ သူ့ဆီမှာ ငွေစုထားမိလို့ ထုတ်မရတော့တဲ့ နစ်နာဆုံးရှုံးမှုမျိုးတော့ မရှိနိုင်ဘူး” လို့ပြောပါတယ်။

မြတ်နန်းယုံ ငွေရေးကြေးရေး ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်ဟာ သက်တမ်း ၉ နှစ် ကြာမြင့်ပြီ ဖြစ်ပြီး ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ လမ်းသစ်လမ်းနဲ့ မော်တင်လမ်းအကြားမှာ ကုမ္ပဏီရုံးခန်းကို ဖွင့်လှစ်ထားတာပါ။

ဗဟိုဘဏ်ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းလုပ်ငန်းများ ဝန်ဆောင်မှု ပေးနိုင်ဖို့ လက်ရှိမှာတော့ ကုမ္ပဏီပေါင်း ၂၆ ခုကို ဗဟိုဘဏ်က ခွင့်ပြုပေးထားတာ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013