DVB Logo
Home
မြန်မာသတင်း
JICA အဖွဲ့ကို ရန်ကုန်နည်းပညာတက္ကသိုလ်ကောင်စီ ကန့်ကွက်
DVB
·
March 11, 2022
JICA အဖွဲ့ကို ရန်ကုန်နည်းပညာတက္ကသိုလ်ကောင်စီ ကန့်ကွက်
1 / 3
Donate to DVB

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ကို ရန်ကုန်နည်းပညာတက္ကသိုလ်ကောင်စီက ကန့်ကွက်စာပေးပို့ ထားတယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်ထဲမှာတော့ JICA Project for AUN/SEED-Net အနေနဲ့ ရန်ကုန် နည်းပညာတက္ကသိုလ်က အမည်ပျက်စာရင်းသွင်းထားတဲ့ ဦးဉာဏ်မြင့်ကျော်၊ ‌ဒေါ်နုနု၀င်းနဲ့ ဒေါ်ခင်အေးမွန်တို့ပါ၀င်တဲ့ ဘွဲ့နှင်းအခမ်းအနားတရပ်ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့တာကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

တက္ကသိုလ်ကောင်စီအ‌နေနဲ့ JICA နဲ့ ကာလရှည်ကြာ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားပေမယ့် စစ်ကောင်စီလက်အောက်မှာ တာ၀န်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ လက်သင့်ခံနိုင်ဖွယ်မရှိဘဲ ထိခိုက်နာကျင်ခံစားနေရတဲ့ ပြည်သူ လူထုတရပ်လုံးကို မျက်ကွယ်ပြုတာလို့ ယူဆကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ JICA အဖွဲ့ရဲ့ ဂျပန်ရုံးချုပ်ကို ဦးတည်လိပ်မူပြီး ဒေသအသီးသီးက ရုံးခွဲတွေ၊ ဂျပန်သံအမတ်ကြီး၊ ရန်ကုန်အခြေစိုက်သံရုံးတွေနဲ့ JICA Myanmar ရုံးတာ၀န်ခံတွေဆီ ဒီကန့်ကွက်လွှာကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013