DVB Logo
Home
မြန်မာသတင်း
ရေးမြို့ စည်ပင်ရုံး မိုင်းဖောက်ခွဲခံရ၊ Non CDM ၀န်ထမ်း နုတ်ထွက်ကြရန် နောက်ဆုံးသတိပေး
DVB
·
March 10, 2022
ရေးမြို့ စည်ပင်ရုံး မိုင်းဖောက်ခွဲခံရ၊ Non CDM ၀န်ထမ်း နုတ်ထွက်ကြရန် နောက်ဆုံးသတိပေး
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့ စည်ပင်သာယာရေးရုံးကို မတ် ၉ ရက်နေ့ ညနေ့ ၄ နာရီ အချိန်က MSRU အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တယ်လို့ ပြောပါတယ်‌။

စည်ပင်ရုံးက Non CDM ၀န်ထမ်းတွေဟာ  စစ်ကောင်စီကို အမှီပြုပြီး ပြည်သူတွေဆီကနေ မတရား ငွေကောက်ခံတာ၊ လာဘ်စားတာ၊ ဈေးသူဈေးသားတွေအပေါ်မှာ အခွန်မတရား ကောက်ခံနေတာကြောင့် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ပတ်သက်နေတဲ့ ရုံးဌာနတွေကို ထပ်မံဖောက်ခွဲသွားမယ်လို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ရေး ဘီလူးအဖွဲ့က စည်ပင်ရုံးကို ဗုံးခွဲခဲ့ပေမဲ့ ဗုံးက မပေါက်ကွဲဘဲ စစ်ကောင်စီက လာရောက်ရှင်းလင်းမှ ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာသူ ရှိ၊ မရှိတော့ မသိရပါဘူး။

စည်ပင်ရုံးနားမှာ ဌာနဆိုင်ရာ စုပေါင်းရုံးစိုက်ရာနေရာလည်းဖြစ်သလို မြို့ရဲ့ အချက်အချာကျပြီး လုံခြုံရေးတွေ ယူထားတဲ့ကြားက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရတာပါ။

ရေးမြို့နယ်က စစ်ကောင်စီနဲ့ပတ်သက်တဲ့ ရုံး/ဝန်ထမ်းတွေ လက်ရှိတာဝန်တွေကနေ  နုတ်ထွက်ပေးကြဖို့ ရေးဘီလူးအဖွဲ့က မတ် ၈ ရက်မှာ နောက်ဆုံး ထုတ်ပြန်သတိပေးထားပါတယ်။

သတိပေးချက် ထုတ်ပြန်ပြီးနောက် မြို့နယ်ဌာနဆိုင်ရာ ရုံးစိုက်ရာနေတွေဖြစ်တဲ့ ဘဏ်၊ ဥပဒေ အထွေထွေအုပ်ချုပ်ရေး၊ ရဲ၊ မြေစာရင်း၊ အခွန်၊ စည်ပင်၊ သမဝါယမ စတဲ့ ရုံးတွေနဲ့ ဝန်ထမ်းတွေ ရှိတဲ့နေရာတွေမှာ စစ်ကောင်စီက ညဘက် ကင်းပုန်းဝပ်ပြီး လုံခြုံရေး ပိုမိုယူထားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဌာနဆိုင်ရာ ၀န်ထမ်းတဦးက “၀န်ထမ်းကနေ ထွက်ခွာချင်ပေမဲ့ မိသားစုရဲ့ အခက်အခဲတွေရှိတော့ မထွက်နိုင်ဘူးလေ။ တခါ ရတဲ့လစာနဲ့  မလုံလောက်တာလည်း ရှိပြန်တယ်။ အလုပ်တွေကလည်း လုပ်ဖို့ဆိုတာ ဒီချိန်မှာ မဖြစ်နိုင်သေးတော့ ဒီဝန်ထမ်းဘဝကနေပဲ သည်းခံပြီး နေရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စည်ပင်ရုံးမှာ ချိန်ကိုက်ဗုံး ၁ လုံးနဲ့  မြေစာရင်းရုံးမှာ ပါဆယ်ချိန်ကိုက်ဗုံး ၁ လုံး တွေ့ရှိရတာကြောင့် မြို့အဝင်အထွက်တွေ အားလုံးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မသင်္ကာတဲ့ ဒေသခံတွေကို ရိုက်နှက်စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ရန်ကုန်-ရေး-ထားဝယ်-မြိတ် ကားလမ်းမပေါ်ရှိ ကလော့လေးနဲ့ ၀ယ်ရက်ကျေးရွာအကြားမှာလည်း မတ် ၇ ရက်နေ့ မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီကား ၁ စီး မိုင်းဆွဲခံရပြီး အမြောကေတပ် ဗျူးဟာမှူး အပါဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ရေးပြောက်ကျားအထူးကာကွယ်ရေးတပ်ဖွဲ့ (YGF) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013