DVB Logo
Home
မြန်မာသတင်း
ANP ပါတီဝင်များ မိမိသဘောဆန္ဒအလျောက် ပါတီမှ နုတ်ထွက်နိုင်ဟု တာဝန်ရှိသူပြော
DVB
·
March 9, 2022
ANP ပါတီဝင်များ မိမိသဘောဆန္ဒအလျောက် ပါတီမှ နုတ်ထွက်နိုင်ဟု တာဝန်ရှိသူပြော
1 / 2
Donate to DVB

ရခိုင်အမျိုးသားပါတီ (ANP) ပါတီဝင်တွေအနေနဲ့ မိမိတို့သဘောဆန္ဒအလျောက်ပါတီကနေ တရားဝင်နုတ်ထွက်နိုင်သလို မိမိ ကြိုက်နှစ်သက်ရာ အဖွဲအစည်း ပါတီတွေကိုလည်း မချိန်မရွေးကူးပြောင်းဝင်ရောက်လုပ်ကိုင်နိုင်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီလိုဆုံးဖြတ်ချက်တွေကို ဖေဖော်ဝါရီလ ၂၇ ရက်နဲ့ မတ်လ ၆ရက်နေ့မှာ အွန်လိုင်းကနေပြုလုပ်တဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေနေတွေအရ ပါတီနိုင်ငံရေးကိုစိတ်ဝင်မှုမရှိတဲ့ ပါတီဝင်တွေလည်းရှိနိုင်သလို လက်ရှိနိုင်ငံရေးအကျပ်အတည်းကြောင့်မိသားစုစားဝတ်နေရေး အခက်အခဲရှိနိုင်တဲ့ ပုဂ္ဂိုလ်တချို့လည်းရှိနိုင်တယ်လို့ ယူဆပြီး လက်ရှိပါတီအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ပါတီဝင်တွေကို ဆက်လက်ထမ်းဆောင်နိုင်ခြင်းရှိမရှိမေးမြန်းနိုင်ဖို့အတွက် ပါတီဗဟိုကော်မတီ အစည်းအဝေးမှာဆုံးဖြတ်ခဲ့တာလို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကပြောပါတယ်။

လက်ရှိ တခြားအဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ပါတီဝင်တွေကိုလည်း ပါတီနဲ့ တစ်စုံတစ်ရာသက်ဆိုင်ခြင်းမရှိတော့ဘူးလို့အဲဒီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်းဆိုပါတယ်။

ဒါ့အပြင်၂၀၁၉ ခုနှစ်ကတည်းက ပါတီက ရွေးချယ်ခဲ့ကြတဲ့ ပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်တွေ ၊ အလုပ်အမှုဆောင်ကော်မတီဝင်တွေအနေနဲ့လည်း ပါတီမှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်ရှိမရှိကို မေးမြန်းထားတယ်လို့ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပါတီရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့သလို နောက်ထပ်မူဝါဒရေးရာဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးဦးလှစောမှာလည်း ၇၅ ကြိမ်မြောက် ပြည်ထောင်စုနေ့သို ULA/AA ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့တာလည်းရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး ဒေါ်အေနုစိန် စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီးနောက်ပိုင်း ပါတီဝင်တချို့လည်း ပါတီကနေ နုတ်ထွက်သွားတာမျိုး ရှိခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013