
မြောက်ကိုရီးယားရှိ ဆုန်းဒိုဝမ် နိုင်ငံတကာကလေးသူငယ်စခန်းဟာ ရုရှားနဲ့ ဆက်နွှယ်နေတဲ့ လူငယ် အစီအစဉ်တွေ၊ အဖွဲ့အစည်းတချို့နဲ့ ပတ်သက်တယ်ဆိုပြီး ဗြိတိန်နိုင်ငံက ပိတ်ဆို့အရေးယူမှု အသစ် တွေ ချမှတ်ခဲ့တဲ့အပေါ် မြောက်ကိုရီးယားက မေ ၁၅ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဗြိတိန်အစိုးရကတော့ အဲဒီစခန်းဟာ ယူကရိန်းကလေးငယ်တွေကို အတင်းအဓမ္မ ခေါ်ယူပြီး ရုရှား ဝါဒ သွတ်သွင်းတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆက်စပ်နိုင်တယ်လို့ စွပ်စွဲထားပါတယ်။
မြောက်ကိုရီးယားဘက်က ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ပြင်းပြင်းထန်ထန် ငြင်းဆို ခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ သူတို့နိုင်ငံရဲ့ ပုံရိပ်ကို ဖျက်ဆီးဖို့နဲ့ ရုရှား-မြောက်ကိုရီးယား ချစ်ကြည်ရေးကို ပျက်ပြား စေဖို့ လုပ်ဆောင်တဲ့ "နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ရန်စမှု" သာ ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
"ကလေးငယ်တွေ ပညာသင်ကြားပြီး ကြီးပြင်းရာ အထွတ်အမြတ်ထားတဲ့ အခြေစိုက် စခန်းကိုတောင် နိုင်ငံရေးပယောဂအတွက် အသုံးချပြီး ပစ်မှတ်ထားနေတဲ့ ဗြိတိန်အစိုးရရဲ့ ယုတ်မာ တဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ကျွန်ုပ်တို့ ကလေးငယ်တွေရဲ့ စခန်းကို 'ယူကရိန်းကလေးငယ်တွေ အတင်းအဓမ္မ ရွှေ့ပြောင်းခံရမှု' ဆိုတဲ့ အခြေအမြစ် မရှိတဲ့ ကိစ္စနဲ့ မတရား လာချိတ်ဆက်နေတာပါ" လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗြိတိန်ဟာ မေ ၁၁ ရက်က ယူကရိန်းကလေးငယ်တွေကို အဓမ္မပို့ဆောင်တာမှာ ပါဝင်တဲ့ ရုရှား အရာရှိတွေနဲ့ အဖွဲ့အစည်းတွေကို ပိတ်ဆို့အရေးယူခဲ့တဲ့စာရင်းထဲမှာ ဆောင်ဒိုဝမ်စခန်းကိုပါ ထည့်သွင်းခဲ့တာပါ။
မြောက်ကိုရီးယားဘက်ကတော့ ဒီစခန်းမှာရှိတဲ့ ကလေးတွေဟာ အကောင်းဆုံး စောင့်ရှောက်မှုကို ခံယူနေရတဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးကို ထိခိုက်စေတယ်။
ဆုန်းဒိုဝမ် စခန်းအပေါ် ပိတ်ဆို့တာဟာ ယုတ်မာတဲ့ လုပ်ရပ်ဖြစ်ပြီး ဒီအတွက် ဗြိတိန်အနေနဲ့ တန်ဖိုးပြန်ပေးဆပ်ရလိမ့်မယ်လို့ ဆိုပါတယ်။
Source:Reuter










