DVB Logo
Home
မြန်မာသတင်း
ကရင်နီတော်လှန်ရေးရန်ပုံငွေအတွက် ပိုင်ဖြိုးသုကိုယ်တိုင်ချည်ထိုးထားသည့် အင်္ကျီ ကံစမ်းပါဝင်နိုင်
DVB
·
March 3, 2022
ကရင်နီတော်လှန်ရေးရန်ပုံငွေအတွက် ပိုင်ဖြိုးသုကိုယ်တိုင်ချည်ထိုးထားသည့် အင်္ကျီ ကံစမ်းပါဝင်နိုင်
Donate to DVB

ကရင်နီဒေသ တော်လှန်ရေးရန်ပုံငွေအတွက် သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသု ကိုယ်တိုင် ချည်ထိုးထားတဲ့ ရောင်စုံ Crochet Cardigan တထည်ကို ကံစမ်းဝယ်ယူရင်း ပါဝင်ထောက်ပံ့ကြဖို့ တိုက်တွန်းထားပါတယ်။

ကံစမ်းမဲရောင်းချမယ့် ကာလကတော့ မတ် ၁ ရက်ကနေ ၇ ရက်အထိဖြစ်ကာ ရရှိလာတဲ့ ရန်ပုံငွေတွေအားလုံးကိုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အပြင်းအထန်ဖိနှိပ်မှုကို ခံနေရတဲ့ ကရင်နီ ရဲဘော်တွေကို ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

ပါဝင်လိုသူတွေအနေနဲ့ ကံစမ်းမဲလက်မှတ်တစ်စောင်ကို မြန်မာငွေကျပ် တစ်သောင်းနဲ့ CDM Medical Network ဖေ့စ်ဘွတ်ခ်စာမျက်နှာ မက်ဆင်ဂျာကတဆင့် ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၁ နှစ် ကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်း အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲ တွေ ပြင်းထန်နေပြီး အခြေအနေတွေ ပိုမိုပြီးတော့ ဆိုးဝါးလာနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကရင်နီဒေသမှာ လေကြောင်း တိုက်ခိုက်မှုအပြင် စစ်ကြောင်းတွေနဲ့ မြေပြင်ကနေ အကြီးအကျယ် ထိုးစစ်ဆင်နေပြီး အဆိုပါ ထိုးစစ်ဆင်မှုတွေအတွင်း အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရကာ တော်လှန်ရေး အင်အားစုတွေဟာလည်း လက်နက်အင်အားမမျှတာကြောင့် နယ်မြေတချို့ ဆုတ်ခွာပေး ရတာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းကာလ တနှစ်ကျော်အတွင်း တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေတွေ ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသူတွေ ၂ သိန်း ၂ သောင်းကျော် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

အဆိုပါ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသူတွေထဲမှာ ကယားပြည်နယ်မှာ လူဦးရေ ၉၂,၄၀၀နဲ့ အများဆုံးဖြစ်ပြီး ကရင်ပြည်နယ်မှာ ၆၈,၄၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၆၀,၅၀၀၊ မွန်ပြည်နယ်မှာ ၇,၅၀၀၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၂,၆၀၀ နဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၈၀၀ လောက် ပါဝင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013