DVB Logo
Home
မြန်မာသတင်း
သံတောင်တွင် ဒေသထွက်ကုန်များ ဈေးကွက်မရှိသဖြင့် တောင်သူနှင့် အခြေခံလူတန်းစားများ အခက်ကြုံ
DVB
·
February 28, 2022
သံတောင်တွင် ဒေသထွက်ကုန်များ ဈေးကွက်မရှိသဖြင့် တောင်သူနှင့် အခြေခံလူတန်းစားများ အခက်ကြုံ
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်မှာ  စိုက်ပျိုးရေးထွက်ကုန်တွေ ဝယ်ယူသူဈေးကွက်မရှိတဲ့အတွက် တောင်သူအနေနဲ့ လုပ်သားမငှားရမ်းနိုင်တော့လို့ အခြေခံလူတန်းစား လက်လုပ်လက်စားတွေဟာ အလုပ်လက်မဲ့နဲ့ ရင်ဆိုင်နေရတယ်လို့  ဒေသခံ တောင်သူတွေထံက သိရပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှု၊ ကိုဗစ်ရောဂါတွေကြောင့်  စိုက်ပျိုးရေးထွက်ကုန်တွေကို ဝယ်ယူသူနဲ့ ဈေးကွက်မရှိတဲ့အတွက် တောင်သူအနေနဲ့ တပိုင်တနိုင်သာ စိုက်ပျိုးလုပ်ကိုင်လာတဲ့အတွက် အခက်အခဲတွေရင်ဆိုင်နေရသလို အခြေခံလူတန်းစားတွေဟာ အလုပ်လက်မဲ့တွေကြောင့် စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

သံတောင်မြို့ခံ တောင်သူတစ်ဦးက” ဈေးကွက်တွေပျောက်ကုန်တယ်။ ကုန်စည်စီးဆင်းမှုတွေ မစီးဆင်းနိုင်တာလည်းပါတယ်။ အလုပ်သမားငှားမယ်ဆိုရင် ကျနော်တို့အတွက် ဘာမှ မကျန်တော့ဘူး။ ကိုယ်ဟာနဲ့ကိုယ် တပိုင်တနိုင်ပြန်လုပ်ရတယ်။ လုပ်သားတွေ ပေါများနေပေမဲ့ ဈေးကွက်အရ ငှားရမ်းဖို့ တွက်ချေမကိုက်တဲ့အတွက် အခြေခံလူတန်းစားတွေပါ အလုပ်လက်မဲ့ ဒုက္ခတွေအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်”လို့ ဆိုပါတယ်။

သံတောင်ဒေသတွင်းမှာ ဒေသခံတောင်သူတွေဟာ ရာသီအလိုက် ကွမ်းသီး၊ ဒူးရင်းသီး၊ ချဉ်ပေါင်ဖာလာ၊ ကော်ဖီ၊ ငှက်ပျောခြံလုပ်ငန်းတွေကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး ကွမ်းသီးပြောင် ၁ ပိဿာ ၅၀၀၀ ကျပ်ဝန်းကျင်၊ ချဉ်ပေါင်ဖာလာ ၁ ပိဿာ ၇၀၀၀ ကျပ်၊ ကော်ဖီစေ့(အခြောက်) ၁ ပိဿာ ၃၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဝယ်ယူသူမရှိသလို ငှက်ပျောဝယ်ယူသူမရှိတဲ့အတွက် ပုပ်ပြီး ပျက်စီးကုန်တယ်လို့ ကုန်စည်ဒိုင်တွေက သိရပါတယ်။

သီးနှံအဝယ်ဒိုင်တစ်ဦးက” ရွာသားတွေ ဒုက္ခရောက်သလို ကျမတို့လည်း ဒုက္ခရောက်တယ်။ ရွာသားတွေ လာရောင်းတော့လည်း ကျမတို့က မယူလို့လည်းမရဘူး။ သူတို့ စားဝတ်နေရေး အလဲအဖယ်လုပ်ရတယ်။ ကျမတို့ဆီက ဆန်လေးတွေယူသွား ကျမတို့က ကွမ်းသီးယူ အလိုပဲလုပ်နေရတယ်။ အခု တစ်ယောက်နဲ့တစ်ယောက်နားလည်မှုနဲ့ လုပ်နေရတယ်။ အခုက ကျမတို့လည်း ပြန်ရောင်းမထွက်ဘူး”လို့ ဆိုပါတယ်။

ဒေသခံတောင်သူတွေအနေနဲ့ စားဝတ်နေရေးအဆင်မပြေမှုတွေအပြင် စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် KNLA တပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် တပိုင်တနိုင်ဥယျာဉ်ခြံ လုပ်ငန်းခွင်ဝင်ရောက်ရာမှာ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013