DVB Logo
Home
မြန်မာသတင်း
တပ်ပိုင်မြေများကို ပြန်လည်သိမ်းယူမည်ဟု NUG ကြေညာ
DVB
·
February 24, 2022
တပ်ပိုင်မြေများကို ပြန်လည်သိမ်းယူမည်ဟု NUG ကြေညာ
Donate to DVB

စစ်ရေးနဲ့ လုံခြုံရေး ရည်မှန်းချက်တွေနဲ့ ကိုက်ညီခြင်းမရှိဘဲ အကြမ်းဖက် စစ်ခေါင်းဆောင်တွေ၊ စစ်တပ်အကြီးအကဲတွေနဲ့ ထိပ်တန်းအရာရှိတွေရဲ့ အကျိုးစီးပွား အလို့ငှာအသုံးပြုတာ စိစစ်တွေ့ရှိရရင်တော့ တပ်ပိုင်မြေတွေကို ပြန်လည်သိမ်းယူမယ်လို့  အမျိုးသားညီညွတ်ရေး အစိုးရ NUG ကကြေညာပါတယ်။

မြန်မာနိုင်ငံတဝန်း   စစ်ကောင်စီတပ်က ပြည်သူလူထုတွေဆီကနေ အဓမ္မ သိမ်းယူထားခဲ့တဲ့  တပ်ပိုင်မြေဆိုင်ရာ အခြေခံမူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၂၄ ရက် ဒီကနေ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

NUG အနေနဲ့ အနာဂတ်ဖက်ဒရယ်တပ်မတော်အတွက် မဖြစ်မနေလိုအပ်တဲ့ မြေမှအပ၊ အ ကြမ်းဖက်စစ်ကောင်စီရဲ့ အကျိုးစီးပွားအလို့ငှာ သိမ်းယူထားတဲ့ တပ်ပိုင်မြေတွေကို ဖက် ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း(၂)၊ အခန်း(၄)၊ ကြားကာလအမျိုးသားညီညွတ် ရေးအစိုးရရဲ့ လုပ်ငန်းတာဝန်များ အပိုဒ် (၂၅)၊ အပိုဒ်ခွဲ (က) အရ ပြည်သူလူထု အကျိုးစီး ပွားအတွက် ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ထိန်းချုပ်မှုရှိစေဖို့ ဒီမူတွေကို ချမှတ်လိုက်တာလို့ ဆိုပါတယ်။

ဒီအခြေခံမူအရ တပ်ပိုင်မြေဆိုတာကတော့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်တွေ နေထိုင် လေ့ကျင့် တပ်နေရာချထားတာ၊ လက်နက်ခဲယမ်းတွေ သိုလှောင်ထုတ်လုပ်မှုတွေပြုလုပ်တဲ့ နေရာတွေအပါအဝင် အကြမ်းဖက်စစ်တပ်အကြီးအကဲတွေ ထိပ်တန်းအရာရှိတွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် တနည်းနည်းနဲ့ ရယူထားတဲ့ နေရာတွေကို ဆိုလိုတာဖြစ်ပြီး အဲ ဒီအချက်ထဲမှာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းတွေ ပိုင်ဆိုင်တဲ့ မြေ တွေလည်း အကျူံးဝင်တယ်လို့ ဆိုပါတယ်။

တပ်ပိုင်မြေတွေ ထားရှိရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်ရေးနဲ့ လုံခြုံရေးရည်မှန်း ချက်တွေကို ဖော်ဆောင်နိုင်ရေးအတွက်သာ ဖြစ်စေရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG က တပ်ပိုင်မြေတွေရဲ့ စစ်ရေးလိုအပ်ချက်နဲ့ ရည်မှန်းချက်များဆိုင်ရာ ကိုက်ညီမှု၊ အများ ပြည်သူလူထုရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ လုံခြုံမှု၊ တပ်ပိုင်မြေတွေကို အကြမ်းဖက် စစ်ကောင်စီရဲ့ အကျိုးစီးပွားအလို့ငှာ သုံးစွဲခြင်းကနေ အကာအကွယ်ပေးနိုင်မှုစတဲ့ အချက် တွေပေါ်မူတည်ပြီးတော့ စိစစ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ စစ်ရေးနဲ့ လုံခြုံရေး ရည်မှန်းချက်တွေနဲ့ ကိုက်ညီခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီရဲ့ အကျိုးစီးပွား အလို့ငှာအသုံးပြုတာ၊ အကြမ်းဖက်စစ်တပ်အကြီးအကဲတွေနဲ့ ထိပ်တန်းအရာရှိတွေရဲ့ အကျိုးစီးပွား ဖော်ဆောင်ရေး အရင်းအမြစ်တွေအဖြစ် အသုံးပြု ထားတာတွေ စိစစ်တွေ့ရှိရရင်တော့ NUG က တပ်ပိုင်မြေတွေကို ပြန်လည်သိမ်းယူခြင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ပြန်လည်သိမ်းယူထားတဲ့ တပ်ပိုင်မြေတွေကို အသုံးပြုတဲ့ အပိုင်းမှာတော့ NUG အစိုးရအဖွဲ့ အစည်းအဝေးအတည်ပြုချက်နဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက သိမ်းယူထားတဲ့ တပ်ပိုင်မြေတွေကို လေလံတင်ရောင်းချတာ၊ အများပြည်သူ အကျိုးစီးပွားအလို့ငှာ Infrastructure Development စီမံကိန်းတွေ အကောင်အထည်ဖော်ဆောင် တာတွေ ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Photo-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013