DVB Logo
Home
မြန်မာသတင်း
သံတွဲအကျဉ်းထောင်တွင်း ကျဆုံးခဲ့သည့် ၂ နှစ်သမီးအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၆၆ ဦးရှိလာ
DVB
·
February 22, 2022
သံတွဲအကျဉ်းထောင်တွင်း ကျဆုံးခဲ့သည့် ၂ နှစ်သမီးအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၆၆ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၆၆ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၂၂၄၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၂၃၆ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၇၁၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းက ပေလယ်ကျေးရွာကို စစ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာတောင်ပိုင်းက နေအိမ်တစ်လုံးမှာ ပုန်းခိုနေတဲ့ မိသားစုဝင် ၃ ယောက်ဖြစ်ကြတဲ့ အသက် ၄၀ ကျော်အရွယ် ဒေါ်သန်းနွယ်၊ သားဖြစ်သူ ၂၇ နှစ်အရွယ် ကို ချမ်းငြိမ်းအောင်နဲ့ သမီးဖြစ်သူ ၂၂ နှစ်အရွယ် မဖူးဖူး၊ တခြားရွာသား ၁ ယောက်ဖြစ်ကြတဲ့ ဦးချစ်ကောင်းတို့ဟာ နေရာတင် ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ကျေးရွာအတွင်း အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်တာကြောင့် အဆိုပါမိသားစုဝင် ၃ ယောက်ရဲ့ အိမ်ထောင်ဦးစီးဖြစ်သူ အသက် ၅၀ ကျော်အရွယ် ဦးသိန်းဇော်နဲ့ ၈ တန်းကျောင်းသား မောင်ဟိန်းကိုဦးတို့လည်း ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မငြိမ်းအိဖြိုးကျော်ရဲ့ သမီးဖြစ်သူ အသက် ၂ နှစ်အရွယ်ရှိ မရွှေယွန်းအိမ်ဟာ ဖေဖော်ဝါရီလ ၁၇ ရက်ည ၁၁ နာရီအချိန် သံတွဲအကျဉ်းထောင်ထဲမှာ သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ မရွှေယွန်းအိမ်ဟာ ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်ထားရတဲ့ ကလေးငယ်ဖြစ်ပြီး အကျဉ်းထောင်တွင်း အခြေအနေတွေကြောင့် သေဆုံးသွားရတာလို့ သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013