DVB Logo
Home
မြန်မာသတင်း
မြစ်ငယ်မီးရထားဝန်ထမ်း ၁၀၀၀ ကျော် နေအိမ်က‌ နှင်ချခံရ
DVB
·
February 21, 2022
မြစ်ငယ်မီးရထားဝန်ထမ်း ၁၀၀၀ ကျော် နေအိမ်က‌ နှင်ချခံရ
Donate to DVB

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မ မီးရထားဝန်းအတွင်းနေထိုင်တဲ့ CDM ဝန်ထမ်း ၁၀၀၀ ကျော်ရဲ့ မိသားစုတွေကို စစ်ကောင်စီ မီးရထားဌာနက နှင်ချခဲ့တာကြောင့် ရွှေ့ပြောင်းသွားကြရတယ်လို့ သိရပါတယ်။

လူစီးတွဲနဲ့ ကုန်တွဲစက်ရုံ (မြစ်ငယ်)မှာ ဝန်ထမ်း ၁၇၀၀ ကျော်ရှိပြီး အလုပ်ကို လုံးဝ ပြန်မဝင်တဲ့ CDM ဝန်ထမ်းတစ်ထောင်ကျော်ရှိတာလည်း ဖြစ်ပါတယ်။ 

အဆိုပါ ဝန်ထမ်းမိသားစုတွေကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားမပေးပါက အင်အားသုံး‌သိမ်းဆည်း ဖယ်ရှားမယ်လို့ စစ်ကောင်စီ လက်အောက်ခံဌာနတွေက ခြိမ်းခြောက်လာတဲ့အတွက် ရွှေ့ပြောင်းပေးခဲ့ကြရတာလို့ CDMဝန်ထမ်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“တချို့ကကျတော့လည်း တောထဲမှာပေါ့၊ ဖြစ်သလိုဆောက်နေကြရတယ်။ ပိုက်ဆံလေး နည်းနည်းပါးပါး တတ်နိုင်တဲ့သူကကျတော့ အိမ်ငှားတွေနေကြတယ်။”

မီးရထားဝန်ထမ်းတွေထဲမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့အတွက် ဖမ်းဆီးခံထားရသူတွေလည်းရှိပြီး မလွတ်မြောက်ကြသေးဘူးလို့ သိရပါတယ်။

စားဝတ်နေရေး ခက်ခဲကြသူတွေကတော့ အလုပ်ပြန်ဝင်ဖို့အတွက် ခံဝန်လက်မှက်ရေးထိုးထားကြပြီး နေလက်စ ဝန်ထမ်း‌အိမ်ရာတွေမှာ ဆက်နေကြတယ်လို့ သိရပါတယ်။

အဲဒီ Non-CDM ဝန်ထမ်းတွေကိုလည်း အလုပ်ရုံထဲ ဝင်ခွင့်မပြုသေးသလို လစာလည်း မရကြသေးဘူးလို့ မီးရထားဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“နေစရာလည်းမရှိ၊ အလုပ်အကိုင်လည်း ရှားပါးတဲ့ခါကျတော့ ကုပ်ကပ်ပြီးတော့ ဝင်တဲ့သူကဝင်၊ လုပ်တဲ့သူကလုပ်ပေါ့၊ နေစရာလုံးလုံး မရှိတဲ့ဟာတွေကျ နေစရာ အခက်အခဲဖြစ်တော့ ပြန်ဝင်ကြ၊ မဝင်ချင်ပဲနဲ့ ပြန်ဝင်ကြတာပေါ့” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013