DVB Logo
Home
မြန်မာသတင်း
မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် PNLO နှင့် RCSS တိုက်ပွဲဖြစ်
DVB
·
February 17, 2022
မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင်  PNLO နှင့် RCSS တိုက်ပွဲဖြစ်
Donate to DVB

ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသမှာ ဖေဖော်ဝါရီ ၁၆ရက် မနက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့  တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်။

PNLO ရဲ့ ထိန်းချုပ်ဒေသဖြစ်တဲ့ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ ရန်ကင်းရွာကို RCSS တပ်တွေက ဝင်ရောက်တဲ့အတွက် မနက် ၉ နာရီ ၄၅ မနစ်လောက်ကကစပြီး ပစ်ခတ်မှုတွေ ဖြစ်ပွါးခဲ့ရတာလို့ PNLO က ထုတ်ပြန်ပါတယ်။

တိုက်ပွဲဟာ နှစ်နာရီ‌ကျော်ကြာ ဖြစ်ပွါးခဲ့ပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုတွေကို အသေးစိတ် မသိရသေးပါဘူး။

PNLO နဲ့ RCSS ကြား နယ်မြေအငြင်းပွါးမှုတွေကြောင့် ၂၀၁၇ ခုနှစ်မှာ ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပေမဲ့ တိုက်ပွဲမဖြစ်တာကြာနေပြီ ဖြစ်ပါတယ်။

လက်ရှိ ကဒူးကြီးဒေသမှာ ကရင်နီပြည်က စစ်ဘေးရှောင် တချို့ခိုလှုံနေကြပြီး တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွါးလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

PLNO နဲ့ RCSS နှစ်ဖွဲ့လုံးက ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ အောက်တိုဘာ ၁၅ မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်   NCA ထိုးထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013