DVB Logo
Home
မြန်မာသတင်း
YBS ဘတ်စ်ကားလိုင်းနံပါတ် အပြောင်းအလဲကြောင့် ခရီးသွားပြည်သူများ အခက်ကြုံ
DVB
·
February 16, 2022
YBS ဘတ်စ်ကားလိုင်းနံပါတ် အပြောင်းအလဲကြောင့် ခရီးသွားပြည်သူများ အခက်ကြုံ
Donate to DVB

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေကို စစ်ကောင်စီက ယာဉ်လိုင်းနံပါတ် အပြောင်းအလဲတွေ ပြုလုပ်နေတာကြောင့် ခရီးသွားပြည်သူတွေ  အခက်အခဲတွေ့နေပါတယ်။

ရန်ကုန်မြို့က YBS ဘတ်စ်ကားတွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်ကစပြီး ယာဉ်လိုင်းနံပါတ်အသစ်တွေ အပြောင်းအလဲ ပြုလုပ်နေတာပါ။ 

စစ်ကောင်စီလက်အောက်ခံ၊ ရန်ကုန်ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က ယာဉ်လိုင်းနံပါတ်အသစ်တွေ ပြင်ဆင်ပြောင်းလဲနေတာဖြစ်ပြီး အများပြည်သူကို ကြိုတင်အသိပေးတာမျိုး မရှိခဲ့တဲ့အတွက် ခရီးသွားပြည်သူတွေ အခက်အခဲကြုံနေရတယ်လို့ ခရီးသွားတစ်ယောက်က ပြောပါတယ်။ 

ဘယ်ယာဉ်လိုင်းက ဘယ်ကိုပြေးဆွဲနေတယ်ဆိုတာ မသိတော့တဲ့အတွက် အချိန်ကြန့်ကြာတာတွေ လမ်းကြောင်းမှားစီးမိတာမျိုးတွေ ဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

မထသ ဘတ်စ်ကားစနစ်ကို NLD အစိုးရလက်ထက်မှာ ဖျက်သိမ်းခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၇ ခုနှစ်မှာ YBS စနစ်သစ်ကို  စတင်ပြောင်းလဲခဲ့ပါတယ်။

NLD အစိုးရလက်ထက်တုန်းက YBS စနစ်ကို ပြောင်းလဲခဲ့တာဟာ အများပြည်သူသွားလာရေး လွယ်ကူချောမွေ့အောင် ကြိုးစားခဲ့တာဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မထသ စနစ်တုန်းကလို စပယ်ယာတွေ ပြန်ထားတာတွေ ယာဉ်စီးခ ပိုတောင်းတာတွေ၊ မှတ်တိုင်တွေမှာ အချိန်အကြာကြီး ရပ်တာတွေ ပြန်လည်ဖြစ်ပေါ်ခဲ့ပါတယ်။ 

ယာဉ်လိုင်းနံပါတ်ပြောင်းတာတွေကိုလည်း YBS စနစ်ပြောင်းတုန်းကလို ကြိုတင်အသိပေးတာ၊ ရှင်းပြတာတွေလည်း မရှိဘူးလို့ ရန်ကုန်မြို့ခံက ပြောပါတယ်။

နအဖ စစ်အစိုးရလက်ထက် မထသစနစ်တုန်းက ရန်ကုန်မှာ ဘတ်စ်ကားပြေးဆွဲတဲ့ ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ရှိခဲ့ပြီး စည်းကမ်းမဲ့ခဲ့တာကြောင့် NLD အစိုးရလက်ထက်မှာ YBS စနစ်ကို အပြောင်းအလဲပြုလုပ်ခဲ့တာပါ။

ကားသစ်တွေ မှာယူတင်သွင်းပြီး စနစ်တကျပြောင်းလဲခဲ့တာကြောင့် ရန်ကုန်မြို့ခံတွေအတွက် YBS စနစ်ဟာ အတိုင်းအတာတစ်ခုအထိ အောင်မြင်အဆင်ပြေခဲ့ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာတော့  အရာရာကို ခေတ်နောက်ပြန်ဆွဲဖို့ ကြိုးစားနေတာကြောင့်  ပြည်သူတွေဟာ အဆင်မပြေမှုပေါင်းစုံနဲ့ ကြုံတွေ့နေရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ လျှပ်စစ်ကားတွေ၊ မြေအောက်ရထားနဲ့ မိုးပျံရထားတွေ ပြေးဆွဲမယ်လို့ ရောက်ရာအရပ်မှာ လှည့်လည် ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013