DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက်က ဝယ်လိုအားမရှိသဖြင့် မြန်မာကုန်တင်ပို့မှု ကျဆင်း
DVB
·
February 13, 2022
ဘင်္ဂလားဒေ့ရှ်ဘက်က ဝယ်လိုအားမရှိသဖြင့် မြန်မာကုန်တင်ပို့မှု ကျဆင်း
1 / 4
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စိုက်ပျိုးကုန်ထွက်ချိန် ဝယ်လိုအားကျဆင်းလာတာကြောင့် မြန်မာ့ကုန်တင်ပို့မှု ကျဆင်းနေတယ်လို့ သိရပါတယ်။

စစ်တွေကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ကိုအောင်အောင်က "ဟုတ်ပါတယ်။ စစ်တွေနဲ့ တောင်ကုတ်က ဆိုရင် ဘင်္ဂလားကိုကုန်တင်ပို့တာ မရှိသလောက်နည်းသွားတယ်။ မောင်တောဘက်ကကျတော့ နည်းနည်းရှိတယ်။ စစ်တွေကဆိုရင် ဇွန်နဝါရီလမှာ ကုန်သွယ်မူ ထက်ဝက်လောက်ကျဆင်းသွားတယ်။ ဖေဖော်ဝါရီလမှာဆို ကုန်တင်ပို့မူက လုံးဝကို ကျဆင်းသွားတယ်” လို့  ပြောပါတယ်။

၂၀၂၂ ခုနှစ် နှစ်စပိုင်းက စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းကနေ တန်ချိန် ၁၀၀ ကျော် သင်္ဘော ၄ စီးလောက် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့နိုင်ခဲ့ပေမယ့် လက်ရှိမှာ တန်ချိန် ၁၀၀ ကျော် သင်္ဘောတစ်စီးထွက်နိုင်ဖို့တောင် ၃ ရက်လောက်စောင့်ဆိုင်းပြီးမှ တင်ပို့မူရှိနေရတယ်လို့ စစ်တွေကုန်သည်ကြီးများအသင်းဆီက သိရပါတယ်။

အလားတူ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှာလည်း တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အရင်က တစ်နေ့ တန် ၂၀ ကျော်ကုန်တင်စက်လှေ ၁၅ စီးကနေ ၂၀ အထိ ကုန်တင်ပို့နေရာမှ အခုလက်ရှိမှာ တစ်နေ့ကို စက်လှေ ၅ စီးလောက်သာ တင်ပို့တော့တယ်လို့ မောင်တောနယ်စပ်ကုန်သည်များနှင့် စက်လှေအသင်များဆီက သိရပါတယ်။

မောင်တောမြို့မှ တစ်ဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့နေတဲ့ ကုန်သည်တစ်ဦးက “အဓိကတော့ ဘင်္ဂလားဘက်က ဝယ်လိုအားကျဆင်းသွားတာပါ။ ဘင်္ဂလာဘက်မှာလည်း ကြက်သွန်အပါအဝင် စိုက်ပျိုးကုန်တွေ ထွက်လာတဲ့အချိန်ဆိုတော့ ပြည်ပက ဝယ်ယူတာတွေပိတ်ထားပြီး သူတို့နိုင်ငံက တောင်သူတွေရဲ့ ထွက်ကုန်တွေကို စျေးကောင်းရစေချင်တဲ့သဘောပါ။ မောင်တောဘက်ကတော့ ငါးခြောင်နဲ့ ငါးမြှစ်ချင်းလောက်သာ တင်ပို့တာရှိတော့တယ်” လိုပြောပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြက်သွန်စိုက်တောင်သူတွေ စျေးကောင်းရရှိဖို့ မြန်မာဘက်က တင်သွင်းတဲ့ ကြက်သွန်တွေအပေါ် အခွန်အခတွေ တိုးကောက်လိုက်တာကြောင့် မြန်မာ ကြက်သွန်ကုန်သည်တွေ အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလမှာ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းကနေ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်သွယ်မှုတန်ဖိုး မြန်မာကျပ်ငွေ ၅ ဒသမ ၁ ဘီလီယံ အထိ ကုန်တင်ပို့နိုင်ခဲ့ပေမက် ၂၀၂၂ ဇန်နဝါရီလမျာ မြန်မာကျပ်ငွေ ၂ ဒသမ ၃၆ ဘီလီယံ အထိသာ ကုန်တင်ပို့နိုင်ခဲ့ပြီး ကုန်သွယ်မူထက်ဝက်လောက် ကျဆင်းခဲ့တယ္လို့ စစ်တွေကုန်သည်များ အသင်းရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

လက်ရှိ ဖေဖော်ဝါရီလမှာတော့ မြန်မာဘက် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်တင်ပို့မူ ပိုမိုကျဆင်းနေပြီး မြန်မာကုန်သည်တွေ ကုန်တင်ပို့ဖို့ ‌ဈေးကွက်မရှိဘဲ အခက်တွေ့ နေကြပါတယ်။

မြန်မာနိုင်ငံကနေ တစ်ဖက် ဘင်္ဂလားဒေ့ရှိနိုင်ကို အဓိကပို့ကုန်တွေကတော့ ငါးမြှစ်ချင်း၊ ငါးခြောက်၊ ဇီးယို၊ အုန်းသီး၊ ကြက်သွန်နီ၊ နနွင်း၊ ဂျင်း၊ မကျည်းသီးမှည့်၊ ကွမ်းသီး၊ အထည်လိပ်၊ မာမီးခေါက်ဆွဲ၊ ကော်ဖီမစ်နဲ့ အလှကုန်ပစ္စည်တို့ ဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013