DVB Logo
Home
မြန်မာသတင်း
ခရစ်ယာန်အသင်းတော်များကောင်စီဝင်များ နုတ်ထွက်ရန် တောင်းဆို
DVB
·
February 12, 2022
ခရစ်ယာန်အသင်းတော်များကောင်စီဝင်များ နုတ်ထွက်ရန် တောင်းဆို
Donate to DVB

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီဟာ အာဏာသိမ်းစစ်ကောင်စီဘက်ကနေ ရပ်တည်ခဲ့တဲ့အတွက် ကောင်စီဝင်တွေအနေနဲ့ လက်ရှိရာထူးတွေကနေ နုတ်ထွက်ပေးဖို့  ခရစ်ယာန်ကျောင်းသား အဖွဲ့အစည်းတခုက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ကောင်စီ စီစဉ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ကြဖို့ တိုက်တွန်းတဲ့စာကို စစ်ကောင်စီသတင်းစာတွေကနေ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ  ၁၁ ရက်က ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ ခရစ်တော်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်၊ သမ္မာတရားတို့နဲ့ လုံးလုံးဆန့်ကျင်နေကာ မြန်မာနိုင်ငံအတွင်းရှိ လူနည်းစုခရစ်ယာန်တွေနဲ့  ပြည်ထောင်စု တိုင်းရင်းသားတွေအပေါ် သစ္စာဖောက်သကဲ့သို့ဖြစ်ပြီး ဝမ်းနည်းစရာလုပ်ရပ်ဖြစ်လို့ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီက တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့ တာဝန်ယူ တာဝန်ခံတဲ့အနေနဲ့ ရာထူးကနေ နုတ်ထွက်ပေးဖို့နဲ့ ပြန်တောင်းပန်ဖို့ Myanmar Student Christian Movement- Magway Region  အဖွဲ့က  မနေ့က ကန့်ကွက်စာ ထုတ်ပြန်ခဲ့တာပါ။  

ကန့်ကွက်စာမှာ ''မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီက မိတ်ဖက်ပူးပေါင်း ဂိုဏ်းအဖွဲ့များ၊ အသင်းတော်များနှင့် ခရစ်ယာန်ဘာသာ၀င်တို့ရဲ့ သဘောထားများမပါဝင်ဘဲ အကြမ်းဖက်စစ်အုပ်စုပိုင် ဝါဒဖြန့်သတင်းစာကနေ နွေဦးတော်လှန်ရေးရဲ့ ပုံရိပ်ကို ညှိုးနွမ်းစေတဲ့ မေတ္တာရပ်ခံချက်အပေါ် လုံး၀ ဆန့်ကျင်ရှုတ်ချတယ်” လို့ဖော်ပြပါတယ်။ 

ဒါ့အပြင် Myanmar Student Christian Movement- Magway Region  ခရစ်ယန်ကျောင်းသားများအဖွဲ့အစည်းကလည်း  အခုကစပြီး နောက်နောင်ကို  မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီနဲ့ မပတ်သက်တော့သလို  ပူးပေါင်းဆောင်ရွက်တာတွေ  အစည်းဝေးတွေမှာ ကိုယ်စားလှယ် စေလွှတ်တာတွေ လုပ်တော့မှာ မဟုတ်တော့ကြောင်းလည်း ဖေါ်ပြထားပါတယ်။

SCM ရဲ့ကျောင်သားဟောင်းတယောက်က “ MCCဟာ  အာဏာသိမ်းခါစကလည်း စကစရဲ့ အစည်းဝေးကိုသွားတက်ဖူးပါတယ်။ အစကတော့ ဖိအားပေးလို့ ဆိုပြီး နာလည်လက်ခံပေးထားပါတယ်။ ဒါပေမဲ့ အကြိမ်ကြိမ် အခါခါကျ ဒါဂာဖိအားနဲ့မဆိုင်ပဲ သွားပတ်သက်နေတဲ့  တာဝန်ရှိသူတွေရဲ့ စကစနဲ့ ပူးပေါင်းနေချင်တာလို့ ပဲမြင်ပါတယ်။ ဒါဟာလည်း MCC ရဲ့ အဖွဲ့ဝင်တွေရဲ့သဘောထားမဟုတ်ပါဘူးလို့ မြင်ပါတယ်။ အဲ့အတွက်ကြောင့်လည်း SCM က ကန့်ကွက်ရတာပါ။”လို့  ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013