DVB Logo
Home
မြန်မာသတင်း
ဖာပွန်မြို့ရှိ ဌာနဆိုင်ရာ အားလုံးနီးပါး ထွက်ခွာ
DVB
·
February 10, 2022
ဖာပွန်မြို့ရှိ ဌာနဆိုင်ရာ အားလုံးနီးပါး ထွက်ခွာ
Donate to DVB

ကရင်ပြည်နယ်၊ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) တပ်မဟာ (၅) နယ်မြေ ဖာပွန်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအားလုံးနီးပါး ထွက်ခွာသားပြီလို့ ကေအန်ယူ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။

ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအားလုံး ဖေဖော်ဝါရီ ၁၀ ရက်နေ့ နောက်ဆုံး ထားပြီး အမြန်ဆုံးထွက်ခွာကြဖို့ ကေအန်ယူ တပ်မဟာ ၅ က  ဇန်နဝါရီ ၂၉ ရက်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ပြည့်တဲ့နေ့မှာတော့ ဖာပွန်မြို့ပေါ်က ဌာနဆိုင်ရာ အကြီးပိုင်းတွေကလွဲရင် အားလုံးနီးပါး ထွက်ခွာသွားကြပြီလို့  ပဒုစောတောနီးက ပြောပါတယ်။‌ေ

“ကျနော်တို့သိရသလောက် စပြီးတော့ စာထုတ်တဲ့ ဇန်နဝါရီလကုန်ပိုင်းကတည်းက လူ ၁၀ ရာခိုင်နှုန်းပဲ ရှိတော့တယ်လို့ သူတို့ ပြောတယ်လေ။ ပြောပြီးနောက် ရက်အနည်းငယ်အတွင်းမှာပဲ ကျနော်တို့ ထပ်ပြီးတော့ သိရတာကတော့ အဲဒီ ၁၀ ရာခိုင်နှိုင်းလည်း ထပ်ထွက်သွားတယ်လေ။ ဆိုတော့ အဲဒီ ၁၀ ရာခိုင်နှုန်းက မရှိတော့ဘူး။ ၅ ရာခိုင်နှိုင်း အနည်းဆုံးထွက်သွားပြီဆိုတော့ အခု အစွမ်းကုန် အလွန်ဆုံးရှိမှ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတော့မယ်။ သူတို့ ဌာနဆိုင်ရာလူကြီးတွေလောက်ပဲ ကျန်ခဲ့တယ်လို့ သိရတယ်‌ေ”

ကေအန်ယူ တပ်မဟာ ၅ က သတိပေးစာထုတ်ပြန်ပြီး ဒီကနေ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ဌာနဆိုင်ရာ ဝန်ထန်း ၁၀၀ ကျော်ထွက်ခွာသွားပြီးဖြစ်တဲ့အတွက် ဝန်ထမ်းအနေအထား ယိုင်နဲ့သွားပြီလို့လည်း ပြောပါတယ်။

‌”ကျေးရွာပိုင်းကတော့ သိတဲ့အတိုင်းပဲ၊ သူတို့အာဏာသိမ်းကတည်းက ကျေးရွာပိုင်းမှာ သူတို့ အုပ်ချုပ်ရေးလုပ်ငန်းက ယိုင်နဲ့သွားပြီလေ။ ယိုင်နဲ့သွားတဲ့ပေါ်မှာ အဲဒီမှာ ကော်သူးလေဥပဒေအရ ပြန်ပြီးတော့ အစားထိုးလိုက်နိုင်တဲ့အပိုင်းလို့ ပြောလို့ရတာပေါ့။ ဒါက ဒေသတခုတည်း မဟုတ်ဘူး။ ကျနော်တို့ ဒေသ ၇ ခုစလုံးမှာ ဒီအတိုင်းပဲ ဖြစ်နေတာ။ အဲဒါကြောင့် ဒီက အထူးသဖြင့် ဖာပွန်ဘက်ကတော့ အခုနောက်ဆုံးအနေနဲ့ မြို့တွင်းပိုင်းအထိကို ဒီလိုအခြေအနေမျိုးရအောင် ဖန်တီးနိုင်တယ်ဆိုတာ၊ ဒါ ကျနော်တို့ ချတဲ့ပေါ်လစီအတိုင်းပဲလေ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ ကျနော်တို့ဆန့်ကျင်တဲ့လူတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်။ သူတို့အုပ်ချုပ်ရေး ယန္တရားကို မပျက်၊ ပျက်အောင်လုပ်ရမယ်ဆိုတာ ကျနော်တို့ ပေါ်လစီရှိထားပြီးသားဆိုတော့ အောက်ခြေကတော့ သူနည်းနဲ့သူဟာနဲ့ လုပ်ယူနေကြတာပဲလေ။ ”

ကေအန်ယူ  တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ဘားအံမြို့နယ်ရှိ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေနဲ့  ပြည်သူ့စစ် အဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး အမြန်ဆုံး နုတ်ထွက်ကြဖို့နဲ့  စစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း မပြုလုပ်ဖို့ ကေအန်ယူ တပ်မဟာ ၁ က ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013