DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ဌာနဆိုင်ရာအဆောက်အအုံနှင့် စာသင်ကျောင်း ၉၀၀၀ ခန့် ပျက်စီး
DVB
·
April 14, 2025
ငလျင်ကြောင့် ဌာနဆိုင်ရာအဆောက်အအုံနှင့် စာသင်ကျောင်း ၉၀၀၀ ခန့် ပျက်စီး
Donate to DVB

မတ်လ ၂၈ ရက်က စစ်ကိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံအနှံ့မှာ ဌာနဆိုင်ရာအဆောက်အအုံတွေနဲ့ စာသင်ကျောင်းပေါင်း ၉၀၀၀ လောက် ပြိုကျပျက်စီးခဲ့တယ်လို့ ဧပြီ  ၁၃ ရက် ညပိုင်းက စစ်ကောင်စီ ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူးနဲ့ ရှမ်းတောင်မှာ ဌာနဆိုင်ရာအဆောက် အအုံ ၅၀၃၃ လုံး၊ အခြေခံပညာကျောင်း ၂၄၉၂ ကျောင်း၊ အဆင့်မြင့်ပညာသင်ကျောင်း ၈၄ ကျောင်း၊ သင်တန်းကျောင်း ၁၆ ကျောင်းနဲ့ ပုဂ္ဂလိကစာသင်ကျောင်း ၃၅ ကျောင်း ပျက်စီးပြိုကျခဲ့တာပါ။

ဌာနဆိုင်ရာရုံးတွေနဲ့ စာသင်ကျောင်းအများဆုံး ပြိုကျခဲ့တဲ့ မန္တလေးမှာတော့ တက္ကသိုလ်ဝင်တန်း စာစစ်အဖြေလွှာတွေ မီးလောင်ခဲ့လို့ မတ် ၅ ရက်မှာ စာမေးပွဲပြန်ကျင်းပဖို့စီစဥ်နေပေမဲ့ ဝန်ထမ်းတွေက နေစရာမရှိဖြစ်နေတယ်လို့ ပညာရေးဝန်ထမ်းတယောက်က  ပြောပါတယ်။

"မန္တလေးအများဆုံးပဲ ဌာနဆိုင်ရာအဆောက်အအုံ ၂၆၄၁ လုံးနဲ့ စာသင်ကျောင်းက ၂၀၀၀ ကျော်တယ် တချို့တက္ကသိုလ်တွေဆို ပြိုတော့ကျမသွားဘူး။ ဒါပေမဲ့ အောက်ခြေတွေက အက်ကွဲကြောင်းတွေနဲ့ ဒါလည်း ဝန်ထမ်းတွေနေရာပြောင်းမပေးဘူး။ စာမေးပွဲလုပ်ဖို့ ခေါင်းထဲထည့်နေတယ်။”

မြေငလျင်ကြောင့် ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၄၂၉၉ ကျောင်း၊ ဗလီ ၁၄၅ လုံး၊ တခြားဘာသာရေးအဆောက်အအုံ ၆၄၉ လုံး ၊ ဘုရားစေတီ ၆၀၃၁ ခု ပြိုကျပျက်စီးခဲ့တယ်လို့ ဖော်ပြ ပါတယ်။

ဒါ့အပြင် လူနေအိမ် ၅၁၃၄၈ လုံး၊ ဆေးရုံဆေးခန်း ၆၄၀ ခု၊ စူပါးမားကတ်နဲ့ ရှော့ပင်းမော ၇၆ ခု၊ ဟိုတယ်-မိုတယ် ၂၁၂ လုံး၊တည်းခိုခန်း ၃၈လုံ း၊ရထားဘူတာ ရုံ ၅၁ရုံ၊ တံတား ၁၅ စင်း၊ တာတမံ ၂၇ ခုနဲ့ ဆယ်သွယ်ရေးတိုင် ၆၆ တိုင် ပြိုကျပျက်စီးခဲ့တယ်လို့ဆို ပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်မှာ လူပေါင်း  ၅ သိန်းကျော်ငလျင်ဘေးသင့်ခဲ့ပြီး သေဆုံးသူ ၃၆၄၈ ယောက်၊ ဒဏ်ရာရသူ ၄၈၁၇ ယောက်နဲ့ ပျောက်ဆုံးသူ ၁၃၄ ယောက်လို့ စစ်ကောင်စီက ဖော်ပြထားပေမဲ့  မြေပြင်စာရင်းတွေက အခုချိန်ထိ လွဲနေဆဲပါ။

DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ  အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း  ၄,၃၄၆  ယောက်၊   ဒဏ်ရာရသူ ၇,၈၃၀ ယောက်၊ ပျောက်ဆုံးနေသူ ၂၁၀ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၆၅၃ ယောက်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013