ကရင်ပြည်နယ် မြဝတီမြို့မှ ကော့ကရိတ်မြို့ဘက်ကနေ ဦးတည်လာတဲ့ ကုန်တင်ကားကြီးတစီး အာရှလမ်းမကြီး ကော့ကရိတ်မြို့ နတ်ရှင်ကွေ့မှာ ဖေဖော်ဝါ ၁၀ ရက်နေ့ မနက် ၇ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့ ကုန်ကားဟာ ထိုင်းနိုင်ငံကနေ ကုန်တွေတင်ဆောင်လာစဉ် ကော့ကရိတ်မြို့ နယ် နတ်ရှင်ကွေ့မှာ စက်ချွတ်ယွင်းမှုကြောင့် မီးလောင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မီးလောင်နေတဲ့ကားတွင်းမှ ကုန်အချို့ကိုသာ သယ်ချနိုင်ခဲ့ပြီး ကားအပါအဝင် ကုန်တွေ မီးလောင်ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ် အာရှလမ်းမကြီးမှာ ယာဉ်တိုက်မှု၊ ယာဉ်မီးလောင်မှုတွေ မကြာခဏ ဖြစ်ပွားနေသလို စစ်ကောင်စီနဲ့ဆက်နွှဲတယ်ဆိုပြီး ယာဉ်အချို့လည်း ပစ်ခတ်ခံရပြီး မီးလောင်ခဲ့တာလည်း ရှိခဲ့ပါတယ်။