DVB Logo
Home
မြန်မာသတင်း
မြဝတီ-ကော့ကရိတ် လမ်းဟောင်းကို အဆင်း ၁ ရက်၊ အတက် ၁ ရက် တလှည့်စီ သွားရန် သတ်မှတ်
DVB
·
August 14, 2023
မြဝတီ-ကော့ကရိတ် လမ်းဟောင်းကို အဆင်း ၁ ရက်၊ အတက် ၁ ရက် တလှည့်စီ သွားရန် သတ်မှတ်
Donate to DVB

မြဝတီ-ကော့ကရိတ်လမ်းဟောင်းဖြစ်တဲ့ နဘူး-ထို့ကော်ကိုး-ညီနောင် လမ်းပိုင်းကို ယခင် ကော့ကရိတ်-မြဝတီ အာရှလမ်းမဖွင့်ခင်တုန်းက အသုံးပြုခဲ့ဖူးတဲ့ နည်းလမ်းအတိုင်း မော်တော်ယာဉ်တွေကို  အဆင်းတရက် အတက်တရက် ပြန်သတ်မှတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က မိုးသည်းထန်မှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးလမ်းပိုင်း တောနော် ရေတံခွန်နားမှာ မြေပြိုကျပြီး လမ်းပဲ့ကျသွားလို့ ကုန်စည်စီးဆင်းမှုတွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်သွားခဲ့တာပါ။

ဒါကြောင့် အရင်လမ်းဟောင်းဖြစ်တဲ့ နဘူး-ထို့ကော်ကိုး-ညီနောင် လမ်းပိုင်းမှာ ဩဂုတ် ၁၄ ရက်က စတင်ပြီး မော်တော်ယာဉ်အဆင်းနေ့အဖြစ် စစ်ကောင်စီက  သတ်မှတ်လိုက်တာဖြစ်ပါတယ်။

မြဝတီ-ကော့ကရိတ်လမ်းဟောင်းကကျဉ်းတဲ့အတွက် ယာဉ်ကြောမပိတ်ဆို့ရလေအောင်  အတက်ကားနဲ့ အဆင်းကား တစီးနဲ့ တစီးစောင့်ပြီးမှာ မောင်းနှင်ကြဖို့ သတ်မှတ်လိုက်တာလို့  ဒေသခံတွေက ဆိုပါတယ်။

မြဝတီမြို့ခံတဦးက “လမ်းကကျဉ်းတယ်လေ၊ တနေ့တည်း  အဆင်းရော အတက်ပါ သွားတာဘယ်လိုမှ အဆင်မပြေဘူး။ အာရှလမ်း မရှိခင်ကလည်း အဆင်းတနေ့  အတတ်တနေ့ပဲလေ။  အခုလည်း အဲ့လိုပုံစံပဲပြန်သုံးရတဲ့ သဘောပေါ့” လို့ ပြောပါတယ်။

ကော့ကရိတ်-မြဝတီအာရှလမ်းကို ၂၀၁၅ ခုနှစ် ဩဂုတ်လကုန်မှ ဖွင့်လှစ်အသုံးပြုခဲ့ကြတာဖြစ်ပြီး ယခင်ကာလတွေတည်းက နဘူး-ထို့ကော်ကိုး-ညီနောင်လမ်းကိုသာ အသုံးပြုကြတာဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ် ၆  ရက်နေ့ကစပြီး မြဝတီ-ကော့ကရိတ်အာရှလမ်းမှာ တောင်ပြိုတာနဲ့ လမ်းပျက်စီးတာတွေ ဖြစ်ခဲ့လို့ အာရှလမ်းကို  အသုံးပြုမရတော့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013