DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
အင်္ဂလန်နှင့်ပွဲတွင် ခရိုအေးရှား နိုင်မည်ဟု ခြင်္သေ့ ၃ ကောင် ခန့်မှန်း
DVB
·
June 17, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အင်္ဂလန်နဲ့ ခရိုအေးရှားပွဲမှာ ခရိုအေးရှားနိုင်မယ်လို့ ဒဲလ်လက်တိရစ္ဆာန်ရုံက ခြင်္သေ့မ ၃ ကောင်က ခန့်မှန်းပေးခဲ့ပါတယ်။

အင်္ဂလန်နဲ့ ခရိုအေးရှားအသင်းတို့ဟာ ဇွန် ၁၈ ရက် မနက် ၂ နာရီခွဲ မှာ ကစားရမှာဖြစ်ပြီး ပွဲမစခင် ကံကောင်းမှုတွေ မျှော်လင့်ထားတဲ့ အင်္ဂလန်အသင်းအတွက် အဆင်မပြေမှုလေးတခုနဲ့ ရင်ဆိုင်ရတာပဲလို့ ရိုက်တာက ဖော်ပြပါတယ်။

အင်္ဂလန်အသင်းရဲ့ အမှတ်တံဆိပ်က ခြင်္သေ့ ၃ ကောင်ဖြစ်လို့ ဒီရွေးချယ်မှုက နည်းနည်း ထူးဆန်းတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။

လီနာ၊ ဘာဟာတီနဲ့ ဂျာဆီရီတို့ ၃ ကောင်ဟာ ဂိုးတိုင်တဖက်စီမှာ နိုင်ငံအလံတွေ ထောင်ထားပြီး အစာချထားတဲ့အချိန် ခရိုအေးရှားဘက်က အစာတွေကို အရင်စားခဲ့တာပါ။

အင်္ဂလန်ပရိသတ်တယောက်ဖြစ်တဲ့ တိရစ္ဆာန်ရုံဝန်ထမ်း မက်ဂီကလော့ဇာက “ခြင်္သေ့တွေက ခရိုအေးရှားကို ရွေးခဲ့ပါတယ်။ ကျမက အင်္ဂလန်ပရိသတ်ပါ။​ ဒီရွေးချယ်မှုက ကျမအတွက် စိတ်ပျက်စရာပါ” လို့ ပြောပါတယ်။

အင်္ဂလန်နဲ့ ခရိုအေးရှားတို့ဟာ ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာလည်း တွေ့ဆုံခဲ့ဖူးပြီး အဲဒီတုန်းက ခရိုအေးရှားအသင်းက ၂-၁ နဲ့ အနိုင်ရခဲ့ဖူးပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013