DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲ ဖိတ်ကြားချက်အပေါ် EAOs အဖွဲ့အချို့၏ အမြင်များ
DVB
·
February 7, 2022
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲ ဖိတ်ကြားချက်အပေါ် EAOs အဖွဲ့အချို့၏ အမြင်များ
Donate to DVB

ဖေဖော်ဝါရီလ ၁၂ ရက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားနဲ့ ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးတက်ရောက်ဖို့ စစ်ကောင်စီရဲ့ ဖိတ်ကြားချက်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အမြင်သဘောထားကို ဖော်ပြပေးလိုက်ပါတယ်။

ပဒိုစောတောနီး(ကရင်အမျိုးသားအစည်းအရုံး  နိုင်ငံခြားရေးတာဝန်ခံ )

“အဲဒါကတော့ ကျနော်တို့ဘာမှ ပေးလို့ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ သွားရမယ့်လမ်းက ရှင်းရှင်းလင်းလင်း ရှိနေပြီလေ။ သူတို့နဲ့ ဘာမှ ပြောစရာအကြောင်း မရှိတော့ပါဘူး။ ကျနော်တို့သွားမယ့်လမ်း ကျနော်တို့ ရှေ့ကိုသွားမယ့်လမ်းက နောက်ကိုပြန်ဆွဲမယ့်ဟာနဲ့ သူတို့လုပ်မယ့်အစီစဉ်နဲ့က လုံးဝ မရတော့ဘူးလေ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့နဲ့ဆွေးနွေးတာလည်း ဝနေပြီလေ ဆိုတော့ ဘာမှလည်းထူးမှာလည်းမဟုတ်ဘူး။ ”

ဆလိုင်းထက်နီ (ချင်းမျိုးသားတပ်ဦး ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး)

“အခုကသူတို့က အန်စီအေကိစ္စနဲ့ ကျနော်တို့ အပစ်ရပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အဖွဲ့တွေဆိုတာ ကျနော်တို့က ဘယ်လိုပုံစံနဲ့ ဘာကိုဆွေးနွေးရမလဲ။ ဖိတ်တဲ့အကြောင်းအရင်းက မရေရာ မသေချာဘူး။ နောက်တခုက အန်စီအေလမ်းကြောင်းဆိုတာ အစုအဖွဲ့ ၅ ဖွဲ့နဲ့အဓိက လက်နက်ကိုင် ကျနော်တို့ရယ်၊ စစ်တပ်ရယ်၊ နိုင်ငံရေးပါတီရယ်၊ လွှတ်တော်နဲ့ အစိုးရဆိုပြီးတော့ အဲဒါကို အန်စီအေလမ်းကြောင်းကို သယ်ဆောင်တာဖြစ်တယ်။ အခုက အစိုးရလည်း မရှိဘူး။ လွှတ်တော်လည်း မရှိဘူး။ နိုင်ငံရေးပါတီလည်းမရှိဘူးဆိုတော့ အဲဒီအန်စီအေ လမ်းကြောင်းနဲ့ သွားမယ်ဆိုပြီး ဖိတ်နေတာတွေက လက်တွေ့မှာတော့ ဘာမှအရာထင်မှာမဟုတ်ဘူး။ အဲဒါ နိုင်ငံတကာနဲ့ လူထုအမြင်မစောင်းအောင်၊ အဲလိုမျိုး အရောင်ပြနဲ့ လုပ်နေတဲ့ဟာလို့ပဲ ကျနော်တို့တော့ ပြောချင်ပါတယ်။”

ဦးအောင်ဆန်းမြင့် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂)

“အဲဒါကတော့ ကျနော်တို့အနေနဲ့ကတော့ ဘာမှ အစီအစဉ်မရှိဘူးလို့ ပြောရလိမ့်မယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီနေ့တော်လှန်ရေးမှာကတော့ ကျနော်တို့က ပြတ်ပြတ်သားသားပဲ ပါဝင်နေပြီး ဖြစ်တယ်လေနော်။ အန်စီအေအပေါ်မှာ အခြေခံပြီးမှ ထာဝရ ငြိမ်းချမ်းရေး ဆက်လက်ဆောင်ရွက်မယ်လို့ ပြောထားတော့ ကျနော်တို့က အန်စီအေမှာလည်း ကျနော်တို့က ပါတာမဟုတ်ဘူး။ ဒါကလည်းရှင်းရှင်းလေးပါ။ နောက်တခုကတော့ ဒီနေ့ ကျနော်တို့ သူတို့နဲ့ဆက်လက်ပြီးမှ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေ သွားမယ်ဆိုလို့ရှိရင်  ၁ တချက်က ဒီအာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီကို  ကျနော်တို့က အသိအမှတ်ပြုရာ ရောက်သလို နောက်ပြီးမှ ကျနော်တို့က စစ်အာဏာရှင်ကို သက်ဆိုးရှည်စေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းသလိုမျိုး ဖြစ်သွားမှာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ဒီဥစ္စာကို တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖြစ်၊ ငြိမ်းချမ်းရေး ခေါ်တဲ့ ဖိတ်ခေါ်မှုမျိုး ပဲဖြစ်ဖြစ်ကျနော်တို့ကတော့ စဉ်းစားဖို့ ဘာမှ မရှိပါဘူးလို့နော်။”

ခိုင်သုခ (ရက္ခိုင့်တပ်တော် ပြောခွင့်ရ)

“အခုချိန်ထိ အဲဒီကိစ္စနဲ့ပတ်သက်လို့ တရားဝင်ပြောလာတာ ဘာမှမရှိတဲ့အတွက်ကြောင့်မို့လို့ လောလောဆယ်တော့ ဘာမှ မှတ်ချက်ပေးလို့မရသေးဘူးဗျ”

ဗိုလ်မှူးခမ်းစံ (RCSS)

“ကျနော်တို့ RCSS အနေနဲ့ တက်မယ်မတက်ဘူးဆိုတော ကျနော်တို့ မဆုံးဖြတ်ရသေးဘူးပေါ့နော်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013