DVB Logo
Home
မြန်မာသတင်း
တူယှဉ်နွှဲပျော်ဂီတပွဲတော် ပြိုင်ပွဲဝင်များကို မဲပေးရန် Non CDM ဝန်ထမ်းများကို စစ်ကောင်စီ ဖိအားပေး
DVB
·
February 7, 2022
တူယှဉ်နွှဲပျော်ဂီတပွဲတော် ပြိုင်ပွဲဝင်များကို မဲပေးရန် Non CDM ဝန်ထမ်းများကို စစ်ကောင်စီ ဖိအားပေး
Donate to DVB

စစ်ကောင်စီ ကျင်းပပြုလုပ်တဲ့ တူယှဉ်နွှဲပျော် ဂီတပွဲတော်သီချင်းဆိုပြိုင်ပွဲမှာ စစ်ကောင်စီက Non CDM ဝန်ထမ်းတွေကို  သက်ဆိုင်ရာတိုင်းဒေသကြီးက အဆိုရှင်တွေကို မဖြစ်မနေ မဲပေးဖို့ ဖိအားပေး ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်တဲ့ ခင်သူသူထွန်းနဲ့ ချိုမီမီဇော် ဆိုတဲ့ အဆိုရှင်နှစ်ဦးကို ဝန်ထမ်းတိုင်း မဖြစ်မနေမဲပေးဖို့  စစ်ကောင်စီက ဖိအားပေး ညွှန်ကြားထားတယ်လို့ Non CDM  ဝန်ထမ်းတွေဆီက သိရပါတယ်။

“ဧရာဝတီတိုင်း ကိုယ်စားပြုတဲ့ အဆိုရှင် နှစ်ဦးကို ဝန်ထမ်းတိုင်း  မဖြစ်မနေ မဲပေးဖို့ တိုင်းဒေသကြီးက ညွှန်ကြားထားတယ်။ မဲပေးပြီးရင်လည်း Sereen Shoot ရိုက်ပြီး အထက်ကို တင်ပြပေးရမယ်ဆိုပြီး ညွှန်ကြားထားတယ်” လို့ ဧရာဝတီတိုင်းအတွင်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အဆိုရှင်တွေကို မဲပေးဖို့ ဖေဖော်ဝါရီ ၆ရက် ည ၉ နာရီကနေ ည ၁၁ နာရီအထိ စစ်ကောင်စီပိုင် Mytel ဆင်းကတ် နဲ့ MPT ဆင်းကတ်ကိုသာ အသုံးပြု စာတိုပို့စနစ်နဲ့ မဲပေးရတာပါ။

“ဝန်ထမ်းတွကို Mytel /MPT ဆင်းကwfအသုံးပြုပြီး  မဖြစ်မနေ မဲပေးရမယ်၊ မဲပေးပြီးရင်လည်း  ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ပြန်လည်တင်ပြခိုင်းတယ်။ အခြား အလုပ် မလုပ်ရဘူး။ မဲပေးဖို့ ထိုင်လုပ်နေရတယ်” လို့ Non CDM  ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အခြားသော ပြည်နယ်တိုင်းတွေမှာလည်း ကိုယ်စားပြု ယှဉ်ပြိုင်သူတွေကို မဲပေးဖို့ ဖိအားပေး အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013