ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့အနီးမှာ ဖေဖော်ဝါရီ ၂ ရက် ဒီကနေ့မနက်က အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီမနက် ၉ နာရီ ၂၁ မိနစ်၊ ၈ စက္ကန့်လောက်က နေပြည်တော်မြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၅၈ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ဖယ်ခုံမြို့ရဲ့ မြောက်ဘက် ၈ မိုင်လောက်အကွာ မြောက်လတ္တီတွဒ် ၁၉.၉၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၀၀ ဒီဂရီ၊ အနက် ၆ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။