DVB Logo
Home
မြန်မာသတင်း
အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က စစ်အုပ်စုအပေါင်းပါ ၇ ဦးနှင့် အဖွဲ့အစည်း ၂ ခုကို ပိတ်ဆို့ ဒဏ်ခတ်
DVB
·
February 1, 2022
အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က စစ်အုပ်စုအပေါင်းပါ ၇ ဦးနှင့် အဖွဲ့အစည်း ၂ ခုကို ပိတ်ဆို့ ဒဏ်ခတ်
Donate to DVB

အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့ဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ် ၇ ယောက်နဲ့ အဖွဲ့အစည်း ၂ ခုကို ဇန်နဝါရီ ၃၁ ရက်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့စာရင်းမှာ ထပ်ထည့်ခံရသူ ၇ ယောက်ကတော့  စစ်ကောင်စီခန့် ရှေ့နေချုပ် ဒေါ်သီတာဦး၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦး၊ စီးပွားရေးလုပ်ငန်းရှင် ဂျော်နသန်မျိုးကျော်သောင်း၊  စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ သားဖြစ်သူ ပြည့်ဖြိုးတေဇ၊ ထူးထက်တေဇတို့ ဖြစ်ကြပါတယ်။

စီးပွားရေးသမား  ဦးတေဇကတော့ မြန်မာစစ်တပ်အတွက် ပြည်ပကနေ လက်နက်ရောင်းဝယ်ပေးနေသူဖြစ်ပြီး မကြာသေးခင်က ရာထူးတာဝန်ကနေ အငြိမ်းစားပေးခံရတဲ့ လေတပ်ကာကွယ်ရေးဦးစီးချုပ် မောင်မောင်ကျော်နဲ့အတူ ပြီးခဲ့တဲ့နှစ်က ရုရှားနိုင်ငံကိုသွားရောက်ခဲ့သူဖြစ်ပါတယ်။   KT Group ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဂျော်နသန်မျိုးကျော်သောင်းကတော့  စစ်တပ်ပိုင်ကုမ္ပဏီတစ်ခုနဲ့  စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းတွေလုပ်ကိုင်နေသူဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ကနေ သိရပါတယ်

ဒဏ်ခတ်အရေးယူပိတ်ဆို့ခံရတဲ့ အဖွဲ့အစည်း ၂ ခုကတော့  ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ရဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးနဲ့ ဂျော်နသန်မျိုးကျော်သောင်းရဲ့  KT Group နဲ့  KTSL ကုမ္ပဏီတို့ ဖြစ်ပါတယ်။

ဒီအရေးယူ အမည်ပျက်စာရင်းသွင်းခံထားရသူတွေရဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို လည်း ထိန်းချုပ်ထားလိုက်ပြီး အမေရိကန်နိုင်ငံသားတွေကိုလည်း သူတို့နဲ့ စီးပွားဆက်ဆံခြင်းကနေ တားမြစ်ထားတာပါ။

အလားတူဗြိတိန်နဲ့ ကနေဒါတို့ကလည်း စစ်ကောင်စီရဲ့ရှေ့နေချုပ် ဒေါ်သီတာဦး၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးတို့ ၃ ယောက် အပေါ် ပိတ်ဆို့အရေးယူမှုတွေ အသီးသီး ချမှတ်ထားကြောင်း ကြေညာပါတယ်။

ဒါဟာ ပြီးခဲ့တဲ့တစ်နှစ်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်နဲ့ဆက်နွှယ်နေသူတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ အနောက်နိုင်ငံတွေရဲ့ နောက်ထပ် အရေးယူဆောင်ရွက်မှုဖြစ်ပါတယ်။

နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တွေဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက်မှာ အာဏာသိမ်းခြင်းခံခဲ့ရတဲ့ ဖေဖော်ဝါရီ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပိတ်ဆို့အရေးယူမှုတွေဟာ အချိန်ကိုက်လုပ်ဆောင်ခဲ့တာလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းတာဟာ ရွေးကောက်ပွဲ မသမာမှုတွေကြောင့်လို့ စစ်တပ်က စောဒကတက်ခဲ့ပေမဲ့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေကတော့ မဲရလဒ်ဟာ နိုင်ငံ့ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်တာပဲလို့ ဆိုပါတယ်။

မြန်မာပြည်သူတွေအတွက် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ခိုင်မာတဲ့ ထောက်ခံမှုကို ပြသဖို့နဲ့ စစ်တပ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ခံမှု မြှင့်တင်ပေးဖို့ ဗြိတိန်နဲ့ ကနေဒါတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Photo- DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013