DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီနှင့် ရခိုင်မျိုးနွယ်စုများတွေ့ဆုံပွဲ ကျင်းပ
DVB
·
January 31, 2022
ရခိုင်အမျိုးသားပါတီနှင့် ရခိုင်မျိုးနွယ်စုများတွေ့ဆုံပွဲ ကျင်းပ
Donate to DVB

ရခိုင်အမျိုးသားပါတီ (ANP) နဲ့ နိုင်ငံသားတိုင်းရင်းသားလူမျိုးစုခေါင်းဆောင်တွေ တွေ့ဆုံပွဲကို ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ၊  နန်းတော်ဝင်ဟိုတယ်မှာ ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက် အထိ ပြုလုပ်ခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ နိုင်ငံရေးဦးဆောင်ကော်မတီဝင် ဦးခိုင်ပြည်စိုး၊ ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွတ်တော်အမတ်ဟောင်း ဒေါ်ခင်စောဝေတို့အပါအဝင် ပါတီတာဝန်ရှိသူတွေ အများအပြားတက်ရောက်ခဲ့ကြပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ပထမဆုံး တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှက “ရခိုင်အမျိုးသားပါတီနဲ့ ရခိုင်ပြည်တွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား/ နိုင်ငံသား/ လူမျိုးစုခေါင်းဆောင်တွေ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်ဖို့နဲ့ ပုံမှန်ဆက်ဆံရေးယန္တရားတစ်ခုကို ထူထောင်ပြီး ရခိုင်အရေးအရာတွေကို အတူတကွ ဝိုင်းဝန်ဖြေရှင်းဖို့အတွက် ရည်ရွယ်ပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

မျိုးနွယ်စုခေါင်းဆောင်တွေက တောင်းဆိုကြလို့ နောက်ထပ်လည်း အခုလိုတွေ့ဆုံသွားဖို့ရှိတယ်လို့ ဦးသာထွန်းလှက ဆက်ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့ မြို၊ သက်၊ ခမီ၊ မရမာကြီး ၊ဒိုင်းနက်၊ ဟိန္ဒူနဲ့ ကမန်စတဲ့ လူမျိုးစု ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်အမျိုးသားပါတီ(ANP)ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ  ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲ ကျင်းပတဲ့ မဲဆန္ဒနယ်တွေမှာ အမတ်အရေအတွက်အများဆုံးအနိုင်ရခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ တရားဝင်ပြောဆို ထားပြီး PR ရွေးကောက်ပွဲစနစ်ကိုကျင့်သုံးဖို့ ပြင်ဆင်နေပေမယ့် ရခိုင်အမျိုးသားပါတီ(ANP)အနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်၊ မပြိုင်ဆိုတာ စောင်ကြည့်နေတုန်းပဲလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013