DVB Logo
Home
မြန်မာသတင်း
အသံတိတ်သပိတ်ပါဝင်ရန် လူမှုကွန်ရက်တွင် ပြန်လည်မျှဝေထားသူ ခန္တီးမြို့က လူငယ် ၁ ဦး ဖမ်းဆီးခံရ
DVB
·
January 29, 2022
အသံတိတ်သပိတ်ပါဝင်ရန် လူမှုကွန်ရက်တွင် ပြန်လည်မျှဝေထားသူ ခန္တီးမြို့က လူငယ် ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဇန်နဝါရီ ၂၈ ရက်က အသံတိတ်သပိတ် (Silent Strike) သပိတ်ပါဝင်ဖို့ Facebook လူမှုကွန်ရက်မှာ ရေးသားထားတဲ့စာအား ပြန်လည်မျှဝေထားသူ လူငယ်တစ်ယောက် မတရားဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူဟာ ကိုထွန်းလင်း ဆိုသူဖြစ်ပြီး ခန္တီးမြို့ မြို့မရပ်မှာ နေထိုင်ကာ စစ်ကောင်စီတပ်သားတွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။

“အခုညနေ ၆ နာရီလောက်က သူအိမ်ကို စစ်ကောင်စီတပ်တွေဝင်ရောက်ဖမ်းဆီးသွားတယ်။ သူက က Silent Strike သပိတ်မှာပါဝင်ဖို့ ရေးသားထားတာတွေမရှိဘူး။ တခြားလူတင်တဲ့စာကို ပြန်လည်မျှဝေထားတာပဲ ရှိတယ်” လို့ ဖမ်းဆီးခံရတဲ့ ကိုထွန်းလင်းရဲ့ သူငယ်ချင်းက ပြောပါတယ်။

‘ပြည်တော်ဝင်ဖို့ ရုန်းကြစို့’ ဆိုတဲ့ အသံတိတ် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ နိုင်ငံတဝန်း ပြုလုပ်မှာဖြစ်ပါတယ်။

ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးအချို့မှာလည်း ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်လှုပ်ရှားမှု ပါဝင်ပြီး ဆိုင်ပိတ်မယ့်အကြောင်း လူမှုကွန်ရက်မှာ ရေးတင်တဲ့ ဆိုင်တချို့ကို စစ်ကောင်စီတပ်တွေက မတရားဝင်ရောက်ဖမ်းဆီးတာနဲ့ ဆိုင်တွေကို ချိပ်ပိတ်တာတွေ လုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013