DVB Logo
Home
Lead Story
စစ်ကောင်စီ ချေးငွေရယူသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းလုပ်ငန်း ၁၀၀ ကျော်တွင် နာမည်ကြီးကုမ္ပဏီများ ပါဝင်
DVB
·
January 29, 2022
စစ်ကောင်စီ ချေးငွေရယူသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းလုပ်ငန်း ၁၀၀ ကျော်တွင် နာမည်ကြီးကုမ္ပဏီများ ပါဝင်
1 / 7
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက ထုတ်ချေးတဲ့ ချေးငွေရယူတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာလုပ်ငန်း ၁၁၆ ခုရှိပြီး အဲဒီထဲမှာ နာမည်ကြီးကုမ္ပဏီတွေ၊ လုပ်ငန်းတွေ အများစု ပါဝင်နေပါတယ်။

ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာတွေကို ကိုဗစ်-၁၉ ရန်ပုံငွေက ထုတ်ပေးမယ့် ချေးငွေလျှောက်ထားနိုင်ကြောင်း  စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတုန်းက ဖိတ်ခေါ်ထားတာပါ။

ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ဖို့အတွက် ကိုဗစ်-၁၉ ရန်ပုံငွေကနေ ငွေကျပ် ၁၅ ဘီလီယံ ထုတ်ချေးသွားမှာဖြစ်ပြီး အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ချေးငွေကာလ ၁ နှစ် သတ်မှတ်ကာ ချေးယူခွင့်ပြုမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ချေးငွေ ရယူထားတဲ့ လုပ်ငန်းပေါင်း ၁၀၀ ကျော်ထဲမှာ နာမည် ကြီးကုမ္ပဏီတွေဖြစ်ကြတဲ့ Forever Group၊ မင်္ဂလာကုမ္ပဏီ၊ Fortune ရုပ်သံ၊ Bo Bo Entertainment၊ စိန်ဌေးရုပ်ရှင်၊ ခရေဖြူရုပ်ရှင်၊ စင်ရော်ဖျော်ဖြေရေးလုပ်ငန်းတို့လို လုပ်ငန်းတွေ ပါဝင်နေသလို၊ မြန်မာနယူးစ်ဝိခ်ဂျာနယ်၊ ကွန်ပျူတာဂျာနယ်၊ မြန်မာသံတော်ဆင့်သတင်းဂျာနယ်၊ ရွှေကူမေနှင်း စာအုပ်အရောင်းဆိုင်၊ နံနက်ခင်းသတင်းဂျာနယ် စတဲ့ လူသိများတဲ့ လုပ်ငန်းတွေလည်း အများစု ပါဝင်နေတာကို တွေ့ရပါတယ်။

စစ်ကောင်စီက ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာတွေကို ငွေထုတ်ချေးပေးပြီး တဖက်မှာ မက်လုံးပေးနေပြီး တခြားတဖက်မှာလည်း ရုပ်ရှင်နဲ့ ဂီတနယ်ပယ်က နာမည်ကျော် သရုပ်ဆောင်တွေကို ဖမ်းဆီးအကျဉ်းချထားသလို မီဒီယာသမားတွေကိုလည်း အပြင်းအထန် ဖိနှိပ်နေပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ကာလဟာ ၁ နှစ်ပြည့်မြောက်တော့မှာဖြစ်ကာ ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရော မြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

ဒါ့အပြင် စစ်အာဏာသိမ်းမှုကာလအတွင်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013