DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု မှတ်တမ်းတင်နိုင်မည့် “ပရောဂျက်ရုက္ခစိုး” စတင်မိတ်ဆက်
DVB
·
January 26, 2022
သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု မှတ်တမ်းတင်နိုင်မည့် “ပရောဂျက်ရုက္ခစိုး” စတင်မိတ်ဆက်
Donate to DVB

နိုင်ငံရေးအပြောင်းအလဲကြောင့် မြန်မာနိုင်ငံရဲ့ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်နေပြီး သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေကို ပြည်သူတွေကိုယ်တိုင် မှတ်တမ်းတင်နိုင်မဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတခုကို စတင်လိုက်ပါတယ်။

ပရောဂျက်ရုက္ခစိုးလို့ ခေါ်တဲ့ ဒီစီမံကိန်းက သုံးရတာလွယ်ပြီး ဘယ်သူဖြစ်တယ်ဆိုတာ ဖော်ပြဖို့ မလိုတာကြောင့် လုံခြုံတယ်လို့ ဖန်တီးသူတွေက ဆိုပါတယ်။ ဒါကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အလေးထားပြီး ဘယ်အစိုးရ အဖွဲ့အစည်းတခုခုနဲ့မှ မဆက်စပ်ဘဲ အမှီခိုကင်းတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းတွေက ဖန်တီးထားတာ လို့ ဆိုပါတယ်။

ကမ္ဘာ့ကပ်ရောဂါအပါအဝင် တခြား စိန်ခေါ်မှုဖိအားတွေအပြင် မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှု၊ သစ်တောတွေ ပြုန်းတီးမှု၊ တောရိုင်းတိရစ္ဆာန်တွေ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု၊ တရားမဝင် သစ်ထုတ်လုပ်တာ၊ သဘာဝအရင်းအမြစ်တွေကို မဆင်မခြင်ထုတ်ယူသုံးစွဲတာတွေကြောင့် လေထုညစ်ညမ်းစေတာ စတာတွေကို တပြိုင်တည်း ဆိုးဆိုးရွားရွားခံစားနေရလို့ အချိန်မလင့်ခင် အမြန်ဆုံး တားဆီးလုပ်ဆောင်ဖို့ လိုတယ်လို့ သူတို့က ထောက်ပြပါတယ်။

အခုလို စုဆောင်းရလာမယ့် မှတ်တမ်းတွေဟာ သက်ရှိသတ္တဝါတွေနဲ့ သူတို့ ကျင်လည် ကျက်စားနိုင်ရေးကို  ရေရှည်တည်တံ့စေဖို့ အရေးပါတဲ့ မြန်မာ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ အသိပေး တိုက်တွန်းလှုံ့ဆော်လိမ့်မယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ ကျွန်းနဲ့ သစ်မာတွေဝယ်လိုအားဟာ မြန်မာနိုင်ငံမှာ တရားမဝင်သစ်ထုတ်လုပ်ဖို့ နှစ်ပေါင်း ၃၀ ကျော်လောက် တွန်းအားပေးနေပြီး တရားမဝင်သစ်ထုတ်တာကြောင့် မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း ဆွစ်ဇာလန်နိုင်ငံအရွယ်အစားနဲ့ ညီမျှတဲ့ သစ်တောဖုံးလွှမ်း ဧရိယာဆုံးရှုံးခဲ့တယ်လို့ Global Forest Watch ရဲ့ အဆိုအရ သိရကြောင်းလည်း ပရောဂျက်ရုက္ခစိုး ဖန်တီးသူတွေက ဆိုပါတယ်။

ရာသီဥတုဆိုးရွားဖောက်ပြန်တာရဲ့ အကျိုးဆက်တွေကြောင့် ဥပမာအားဖြင့် ကချင်ပြည်နယ် ဖားကန့်ဒေသမှာ နှစ်စဉ်မိုးဦးရာသီမှာ မြေပြိုတာကြုံရပြီး နှစ်စဉ်လူပေါင်း ၁၀၀ ကျော်သေဆုံးနေဆဲဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။

ပြီးတော့ ကရင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှု သတိပေးချက်ပေါင်း ၁၉၀၀၀၀ လောက်ရှိခဲ့ပြီး ဒီထဲက ထက်ဝက်ကျော်ဟာ အင်မတန်အရေးကြီးတဲ့ သတိပေးချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်ထဲမှာတော့ ၂၀၂၁ ခုနှစ် ဧပြီလမှာ ဝက်ဝံမျိုးစိတ်တချို့ ရောင်းချတာကို သတင်းပို့ချက်တွေ အရသိရပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ဩဂုတ်လအတွင်း တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း ၆၀၀၀ လောက်ကို အွန်လိုင်းကနေ ရောင်းချခဲ့တာကိုလည်း သိခဲ့ရတယ်လို့ ဆိုပါတယ်။သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်တွေ ပေးပို့ချင်တယ်ဆိုရင်တော့  https://www.projectyokkasoe.org/ ကိုဝင်ရောက်ပြီး ကိုယ်တိုင်ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013