DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့ ပိန်းပြစ်မူလတန်းကျောင်းကို စစ်ကောင်စီက ဖိအားပေးဖွင့်ခိုင်း
DVB
·
January 25, 2022
မိုးကုတ်မြို့ ပိန်းပြစ်မူလတန်းကျောင်းကို စစ်ကောင်စီက ဖိအားပေးဖွင့်ခိုင်း
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာ မူလတန်းလွန်ကျောင်းပြန်ဖွင့်ဖို့နဲ့ ကျောင်းမအပ်တဲ့ နေအိမ်တွေကို မီးရှို့မယ်ဆိုပြီး စစ်ကာင်စီတပ်က ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျောင်းနေအရွယ်ကလေးရှိတဲ့အိမ်တိုင်း ကျောင်းအပ်ရမယ်၊ ကျောင်းမအပ်တဲ့အိမ်ကို မီးရှို့မယ်၊ ပုဒ်မ ၅၀၅ နဲ့လည်း တရားစွဲမယ်လို့ ပြောတယ်" လို့ ရွာသားတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း ပိန်းပြစ်ကျေးရွာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ပန်းနုကြွယ်နဲ့ လီဆူရွာအတွင်းက ကျောင်းဆရာမတို့ကို မိုးကုတ်ဗျူဟာမှူးနဲ့ ပိန်းပြစ်ရွာမှာ တာဝန်ကျနေတဲ့ သုံးပွင့်အရာရှိ ဇော်နိုင်ထွန်းတို့က  ကျောင်းဖွင့်ဖို့ အတင်းအားဓမ္မ ဖိအားပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျောင်းအုပ်ဆရာမကြီးက CDM ဝင်ထားတော့ ကျောင်းမဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ပြောသွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့က ပိန်းပြစ်လီဆူရွာအတွင်းမှာရှိတဲ့ တအိမ်တစ်ယောက်အစည်းဝေးတက်ဖို့၊ မတက်ပါက အာဏာဖီဆန်မှုနဲ့ အရေးယူပြီး  မတက်ရောက်တဲ့နေအိမ်တွေကို ချိပ်ပိတ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးပြုလုပ်နေချိန်မှာ စစ်ကောင်စီတပ်တွေက ရွာအဝင်အထွက် လမ်းတိုင်းကို ပိတ်ထားပြီး ကျောင်းကော်မတီနဲ့ ရာအိမ်မှူးအသစ်တွေ ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

မူလတန်းလွန်ကျောင်းက ကျောင်းအုပ်ဆရာမကြီးကိုလည်း လစာထုတ်ဖို့ ဖိအားပေးပြီး  မှတ်ပုံတင်ကိုလည်း သိမ်းဆည်းထားကာ စစ်ကောင်စီတပ်က ပေးတဲ့ စာအိတ်ကိုလည်း အများရှေ့မှာ ဖွင့်ဖတ်ဖို့ ဖိအားပေးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖိအားပေးမှုကြောင့် ဇန်နဝါရီ ၂၄ ရက်နေ့မှာ လီဆူတိုင်းရင်းသားတွေ နေထိုင်တဲ့ ပိန်းပြစ်ကျေးရွာက မူလတန်းလွန်ကျောင်းမှာ ကျောင်းအပ်သူ ၁၂၀ ကျော်ရှိခဲ့ပြီး အဲဒီထဲက အရပ်ဝတ်နဲ့ ကျောင်းတက်ရောက်သူ ၃၀ ဝန်းကျင်သာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပိန်းပြစ်ကျေးရွာက မိုးကုတ်မြို့နဲ့ ၈ မိုင်ဝေးတဲ့နေရာက ရွာဖြစ်ပြီး မိုးကုတ်မြို့တွင်းမှာတော့ အထက်တန်းကျောင်း ၄ ကျောင်း ပေါင်းပြီး အရပ်ဝတ်နဲ့ တက်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013