DVB Logo
Home
မြန်မာသတင်း
NUG ဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒေါက်တာတေဇာဆန်းတို့ပါဝင်သည့် “နိုင်ငံသစ်ကို ရဲရဲတည် ဆောက်ကြ” စကားဝိုင်း ကျင်းပမည်
DVB
·
January 25, 2022
NUG ဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒေါက်တာတေဇာဆန်းတို့ပါဝင်သည့် “နိုင်ငံသစ်ကို ရဲရဲတည် ဆောက်ကြ” စကားဝိုင်း ကျင်းပမည်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ် ဇင်မာအောင်၊ မန္တလေးမြို့က ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းတို့ ပါဝင်ကြမယ့် တော်လှန်ရေးစကားဝိုင်းတခုကို ဇန်နဝါရီ ၂၅ ရက် ဒီကနေ့ည ၇ နာရီမှာ ပြုလုပ်သွားဖို့ ရှိနေပါ တယ်။

“နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ” အမည်နဲ့ ပြုလုပ်မယ့် ဒီစကားဝိုင်းကတော့ စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် တော်လှန်ရေးစကားဝိုင်းအနေနဲ့ ပြုလုပ်တာဖြစ်ပြီး ဒေါ်ဇင်မာအောင်၊ ဒေါက်တာတေဇာဆန်းတို့နဲ့အတူ မုံရွာသပိတ်ဦးဆောင်တိုက်ပွဲကော်မတီမှ ကိုသန်းကျော်ဦး၊ အမျိုးသမီးများအဖွဲ့ ချုပ်(မြန်မာနိုင်ငံ) WLB မှ Naw Hser Hser နဲ့ တကသ ကျောင်းသားဟောင်းများအင်အားစုမှ ကိုဇေယျာလွင်တို့ကလည်း ပါဝင်ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တဲ့ကာလဟာ လာမယ့် ဖေဖော်ဝါရီ ၁ ရက်ဆိုရင် တနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဘက်ဘက်က ကျဆင်းနေခဲ့တာဖြစ်ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ လူထုတိုက်ပွဲတွေဟာလည်း အရှိန်အဟုန်နဲ့ အားကောင်းနေဆဲ ဖြစ်ပါတယ်။

အာဏာရှင်ကို အမြစ်ဖြုတ်တိုက်ထုတ်ပြီး ဒီမိုကရေစီနိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြဖို့ အခုညကျင်းပမယ့် စကားဝိုင်းမှာ ဘာတွေဆွေးနွေးသွားကြမလဲဆိုတာကိုတော့ Women Alliance Facebook Page က တိုက်ရိုက်ကြည့်ရှုနိုင်သလို ဒီဗွီဘီအပါအဝင် သတင်းမီဒီယာတွေကတဆင့်လည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013