DVB Logo
Home
မြန်မာသတင်း
မုံးကိုးမြို့ပေါ် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေ
DVB
·
January 25, 2022
မုံးကိုးမြို့ပေါ် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေ
1 / 4
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ အတွင်း စစ်ကောင်စီတပ်နဲ့ ကိုးကန့် တပ်မတော် MMDAA တို့ကြား တိုက်ပွဲတွေကြောင့် မုံးကိုးမြို့ပေါ်  ကချင်နှစ်ခြင်း ဘုရားကျောင်းနဲ့ လီဆူးနှစ်ခြင်း ဘုရားကျောင်းတို့မှာ လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ကချင်နှစ်ခြင်းဘုရားကျောင်းက စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ မွေးကင်းစ ကလေးငယ်တွေ၊ မီးနေသည် မိခင်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေရှိနေပြီး လုံလောက်တဲ့ အစာအာဟာရ  မရရှိကြဘူးလို့ သိရပါတယ်။

“ကျနော် ရောက်သွားတဲ့အချိန် သူတို့မှာ ဆန်၊ စားစရာ မရှိတော့ဘူး။ မုန်ညှင်းကိုပဲ နေ့စဉ်နီးပါး ဟင်းချက်စားနေရတယ်။ စစ်ရှောင်စခန်းရဲ့ တာဝန်ခံတွေအနေနဲ့လည်း စစ်ရှောင်ကာလကို အများဆုံး ၂ လလို့ ခန့်မှန်းထားပေမဲ့ အခုဆို ၅ လကျော်လာပြီဖြစ်လို့ စားနပ်ရိက္ခာအတွက် အရမ်းကို ခက်ခဲနေကြတယ်။"

စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေများတာကြောင့် ပရဟိတသမားတွေလည်း ရိက္ခာတွေ မသယ်ရဲကြဘူးလို့ ဆိုပါတယ်။

“အလှူရှင်တွေနဲ့ ပရဟိတသမားတွေကလည်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေ များတာကြောင့် ရိက္ခာတွေ မသယ်ရဲကြဘူး။ တရုတ်ဘက်ကလည်း လမ်းတွေ ပိတ်ထားတဲ့အပြင် လုံခြုံရေးတပ်တွေပါ ချထားလို့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီး  ဝယ်ယူဖို့တောင်  ခတ်ခဲနေတယ်။” 

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့ အပြင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ MMDAA တပ်ဖွဲ့၊ KIA တပ်ဖွဲ့ တို့ကြား တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013