DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ KBZ ဘဏ်ခွဲတစ်ခု မိုင်းခွဲခံရ
DVB
·
January 24, 2022
ပခုက္ကူ KBZ ဘဏ်ခွဲတစ်ခု မိုင်းခွဲခံရ
Donate to DVB

မကွေးတိုင်း ပခုက္ကူမြို့ ထင်းတန်းလမ်းပေါ်မှာရှိတဲ့ KBZ ဘဏ်ခွဲကို Earthquake People's Defence Force - UG  က ရှေ့ထွက်မိုင်း အသုံးပြုဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုပြလုပ်ခဲ့ပြီးနောက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေဖြစ်တဲ့ ကမ္ဘောဇဘဏ်နဲ့ Mytel ရုံးတွေကို တတ်နိုင်သမျှရှောင်ရှားပြီး အဝေးမှာသာနေထိုင်ကြဖို့ သတိပေးထားပါတယ်။

Earthquake People's Defence Force - UG   ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီးတဲ့နောက် အထိအခိုက် မရှိဘဲ သက်ဆိုင်ရာစခန်းများကို ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ပြည်သူလူထုရဲ့ သဘောထားကို အလေးထားတဲ့အနေနဲ့ KBZ Bank အနေနဲ့လည်း မိမိတို့ရဲ့ Bank အကောင့်တွေကို ပြန်ဖွင့်ပေးဖို့ အသိပေးထားပြီး ဆက်လက်ပိတ်ပင်မှုတွေ ပြုလုပ်နေပါက  ဘယ်သူ့အသက်မှ အာမ မခံကြောင်း သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေး တာဝန်ခံ ကိုပိန်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013