DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းအခြေစိုက် MSTF အထူးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ၅ ဦး ပစ်ခတ်ဖမ်းဆီးခံရ
DVB
·
January 23, 2022
မန္တလေးတိုင်းအခြေစိုက် MSTF အထူးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ၅ ဦး ပစ်ခတ်ဖမ်းဆီးခံရ
Donate to DVB

ဇန်နဝါရီ ၂၂ ရက် နေ့လယ်  ၂ နာရီလောက်က စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ နေရာအတိအကျလာပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် မန္တလေးတိုင်း အခြေစိုက် MSTF အထူးပြောက်ကျားတပ်ဖွဲ့က ခေါင်းဆောင် ၅ ဦး အဖမ်းခံလိုက်ရတယ်လို့ MSTF ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် MSTF နဲ့ ချိတ်ဆက်ထားတဲ့ တခြားအဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဘေးကင်းရာ အမြန်ဆုံး တိမ်းရှောင်ကြဖို့ ထုတ်ပြန်ချက်ထဲမှာ သတိပေးထားပါတယ်။ 

ခေါင်းဆောင်တွေ ဖမ်းဆီးခံရပေမယ့် ကျန်ရှိ MSTF တပ်သားတွေအနေနဲ့ နောက်တွန့် ကြောက်ရွှံ့နေမှာမဟုတ်ဘဲ ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်းလိုက်နာပြီး ပြည်သူလူထုအား ဆက်လက်ကာကွယ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013