DVB Logo
Home
မြန်မာသတင်း
ဟိန်ဇိန်ကျေးရွာအနီးတွင် မိုင်းမတော်တဆမှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံး
DVB
·
January 23, 2022
ဟိန်ဇိန်ကျေးရွာအနီးတွင် မိုင်းမတော်တဆမှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံး
Donate to DVB

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိန်ဇိန်ကျေးရွာအနီးမှာ မိုင်းမတော်တဆမှုကြောင့် ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ PDF-Zoland က အသက် ၂၁ နှစ်အရွယ် ကိုမုန်နိုးနဲ့ CAN တပ်က ဆလိုင်း ကျုံးလျန်ဆန်တို့ ကျဆုံးခဲ့ကြတာဖြစ်ပြီး ရဲဘော်နှစ်ဦးလည်း ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဟိန်ဇိန်ကျေးရွာမှာ ဇန်နဝါရီ ၂၂ ရက်နေ့ မနက်က စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ဗုံးလာကြဲချပြီး ကျေးရွာအတွင်း ဝင်ရောက်လာကြတာကြောင့် ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲခဲ့ကြရာမှာ မတော်တဆပေါက်ကွဲပြီး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့မှာ ဇန်နဝါရီ ၂၁ ရက်နေ့က စစ်ရဟတ်ယာဉ် ၅ စီးနဲ့ စစ်ကောင်စီတပ်သားတွေကို လာရောက်ချခဲ့ပြီး ညနေပိုင်းမှာတော့ တီးတိန်မြို့ကနေ ကလေးမြို့ဘက်အထွက် ဆဲဇန်ရွာမှာ စစ်ကောင်စီတပ်သားတွေကို ကားနဲ့ လာရောက်ချသွားပြီး ညအိပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သား ၈၀ ကျော်လောက်နဲ့ လက်နက်၊ အစားအသောက်တွေ သယ်ဆောင်ပြီး ကလေးမြို့ဘက်ကို ခြေလျင်ဆင်းသွားကြတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီ တပ်သား ၈၀ ကျော်လောက်အင်အားရှိမယ်၊ ရိက္ခာနဲ့လက်နက်တွေ ယူပြီးတော့ ကလေးဘက်ကို ခြေလျင်ဆင်းသွားတာမြင်တယ်။ မနေ့က စစ်ရဟတ်ယာဉ် ၅ စီးနဲ့ တပ်သားတွေလာချသွားတယ်။ ဒီကနေ့ တောင်ပေါ်ကတပ်ကို လူအင်အားဖြည့်မယ်ထင်တယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-တီးတိန်လမ်းမကြီးပေါ်မှာရှိတဲ့ ဟိန်ဇိန်ကျေးရွာ အနီးတဝိုက်ကို ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်က  အဝေးပစ်အမြောက်၊ စစ်ရဟတ်ယာဉ်နှစ်စီးတို့နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကလေးမြို့ကနေ ဟိန်ဇိန်ကျေးရွာအနီးတဝိုက်ကို အဝေးပစ်လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်မကပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ် နှစ်စီးနဲ့ နာရီဝက်လောက်အထိကြာအောင် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013