DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံရဿည့် BEGSC ဗဟိုကော်မတီဝင်အချို့အပါအဝင် ၆ ဦး အသက်အန္တရာယ်စိုးရိမ်ရ
DVB
·
January 18, 2022
ဖမ်းဆီးခံရဿည့် BEGSC ဗဟိုကော်မတီဝင်အချို့အပါအဝင် ၆ ဦး အသက်အန္တရာယ်စိုးရိမ်ရ
Donate to DVB

BEGSC ရဲ့ ဗဟိုကော်မတီဝင်တချို့နဲ့ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဝင်တယောက်တို့ကို စစ်တပ်ကဖမ်းသွားတာ ရက်ပေါင်း ၈၀ လောက်ရှိနေပေမဲ့ အဆက်အသွယ်မရသလို စစ်ကြောရေးမှာ စအိုကို တံကျဉ်လျှိုနှိပ်စက်တဲ့ သတင်းတွေကြားနေရတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကော်မတီက အရေးပေါ် ထုတ်ပြန်ပါတယ်။

အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) က ဗဟိုကော်မတီဝင် ဆရာဦးနောင်ထက်အောင်၊ ဆရာမဒေါ်သက်ဆုလှိုင်နဲ့ ဆရာဦးနိုင်းသီဟကျော်၊ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကိုရန်ပိုင်စိုး အပါအဝင် လူငယ် ၆ ယောက်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုအချိန်ထိ အဆက်အသွယ်မရ၊ သတင်းမရဘူးလို့ ကော်မတီက ထုတ်ပြန်ထားပါတယ်။

“လက်ရှိမှာ ကျနော်တို့ သိရတာက (မန္တလေး) နန်းတွင်းစစ်ဆေးရေးမှာ ဖမ်းဆီးခံရတဲ့ ခေါင်းဆောင် တယောက်ကို တံကျဥ်လျှိုပြီး ညှင်းပန်းနှိပ်စက်တယ်လို့ သိရတယ်။ ဘယ်သူ့ကို လုပ်မှန်းမသိပေမယ့် ဒါဟာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေးများကို ချိုးဖောက်နေတာ သိသာထင်ရှားစေတဲ့ အချက်ဖြစ်ပါတယ်။ ပညာရေးသမဂ္ဂအဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကြားရပေမယ့် ဘာသတင်းမှ မရတော့ စိတ်ပူနေမိပါတယ်” လို့ BEGSC ရဲ့ ဗဟိုကော်မတီဝင် ဦးဖြိုးဝေအောင်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုအများကြီးကို မြန်မာနိုင်ငံတဝန်းလုံးမှာ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေပြီး အကျဉ်းထောင်၊ စစ်ကြောရေးတွေမှာလည်း လူမဆန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်စစ်ဆေးတာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ BEGSC က ထုတ်ပြန်ထားပါတယ်။

ဦးဖြိုးဝေအောင်က “အကြမ်းဖက် စစ်ကောင်စီအနေနဲ့ CDM တွေကြောင့် တိုင်းပြည်ကို အုပ်ချုပ်လို့ မရတာကြောင့် CDM တွေကို အလွန်အမင်း မုန်းတီးနေပါတယ်။ သူတို့ရဲ့ မကျေနပ်ချက်တွေကို မတရားဖမ်းဆီးခံနေရတဲ့သူတွေအပေါ် သတ်ဖြတ်ညှဥ်းဆဲနေတဲ့အပြင် လူ့အခွင့်အရေးကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး ကာကွယ်သူတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကြောရေးနဲ့ အကျဥ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်တာတွေအတွက် ထိထိရောက်ရောက် တုံ့ပြန်ပေးစေလိုပါတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013